1 - ၂ မိနစ်စည်းမျဉ်း
၂ မိနစ်စည်းမျဉ်းအရ တစ်ခုခုလုပ်ဖို့ ၂ မိနစ်ထက်နည်းနေရင် ချက်ချင်းထလုပ်လိုက်ပါ။ တစ်ခါထဲပြီးအောင်လုပ်ပါ။
ဒီစည်းမျဉ်းက လုပ်ငန်းတစ်ခုကို စတင်ပြီးရင် အကြားမှာမရပ်ဘဲ ပြီးဆုံးအောင်လုပ်ဖို့ ပြောထားပါတယ်။
လုပ်ငန်းတစ်ခုကို စတင်ပြီး ရပ်လိုက်၊ ပြန်စလိုက်လုပ်ရင် ပြီးဆုံးဖို့ အချိန် ၅ ဆပိုကြာနိုင်ပါတယ်။
#LGTmyanmar , #BBKmyanmar
.
2 - ၇၂ နာရီစည်းမျဉ်း
ဗိုက်ဆာနေတဲ့အချိန်၊ ဒေါသထွက်နေတဲ့အချိန်၊ ပင်ပန်းနေတဲ့အချိန် ဒါမှမဟုတ် အထီးကျန်တဲ့အချိန် ဆုံးဖြတ်ချက်မချပါနဲ့။ အနည်းဆုံး ၇၂ နာရီစောင့်ပါ။
ဒီစည်းမျဉ်းက မလိုအပ်တဲ့ စိတ်ဖိစီးမှုတွေကို ကာကွယ်ပေးပါတယ်။
.
3 - 5စက္ကန့် စည်းမျဉ်း
5-စက္ကန့်စည်းမျဉ်းသည်က အချိန်ဆွဲခြင်းကို ရှောင်ရှားဖို့ ရိုးရှင်းသောနည်းလမ်းတစ်ခုဖြစ်သည်။
.
4 - Daily Highlight
နေ့စဉ်အဓိကလုပ်ငန်းဆိုတာ သင့်နေ့တစ်နေ့အတွက် အဓိကလုပ်ရမယ့် တစ်ခုတည်းသောလုပ်ငန်းကို ရွေးချယ်ပြီး ဘာပဲဖြစ်ဖြစ် ပြီးအောင်လုပ်ဖို့ပါ။
ကိုယ့်ကိုယ်ကို ဒီမေးခွန်းမေးပါ - "ဒီနေ့ငါဘာတစ်ခုကို ပြီးမြှောက်အောင်လုပ်ချင်လဲ? ဒီနေ့ကို အောင်မြင်တဲ့နေ့ဖြစ်အောင် ဘာလုပ်ရမလဲ.
.
5 - If it's not a hell yes, then it's a hell.
ဒီစည်းမျဉ်းက သင့်ကို တစ်ခုခုလုပ်ဖို့ တကယ်စိတ်မပါရင် မလုပ်ဖို့ပြောထားပါတယ်။
.
6 - "ဘယ်သူလဲ" မေးပါ၊ "ဘယ်လိုလဲ" မမေးပါနဲ့
လုပ်ငန်းတစ်ခုကို လုပ်ဖို့အတွက် "ဘယ်လိုလုပ်ရမလဲ" ဆိုတာထက် "ဘယ်သူလုပ်ပေးနိုင်မလဲ" ဆိုတာကို မေးပါ။
ဒီလိုမေးခြင်းက အချိန်ကုန်သက်သာစေပြီး အခြားသူတွေရဲ့ကျွမ်းကျင်မှုကို အသုံးချနိုင်ကာ ကိုယ်အကောင်းဆုံးလုပ်နိုင်တဲ့အရာကို အာရုံစိုက်နိုင်ပါတယ်။
.
7 - အချိန်မဆွဲခြင်းသည် ဉာဏ်ပညာဖြစ်သည်။
သင့်ကို အကူအညီလိုအပ်နေတယ်ဆိုတဲ့ အချက်ပြမှုမျိုးရှိနေတယ်ဆိုရင် ဒီအလုပ်ကို ကိုယ့်အတွက် ဘယ်သူလုပ်ပေးနိုင်မလဲဆိုတာ မေးပါ။
.
8 - ၉၀-၉၀-၁ စည်းမျဉ်း
နောက် ၉၀ ရက်အတွက် နေ့တစ်နေ့ ရဲ့ ပထမ ၉၀ မိနစ် ကို သင့်ရည်မှန်းချက်တွေအတွက် အရေးကြီးဆုံးလုပ်ငန်းတစ်ခုပေါ် အာရုံစိုက်ပါ။
ဒီစည်းမျဉ်းက သင့်ကို သင့်ရဲ့ ထိပ်တန်းထုတ်လုပ်မှုအချိန်မှာ အာရုံစိုက်နေအောင် အားပေးနိုင်ပါတယ်။
.
9 - ၁၂ ပတ်စည်းမျဉ်း
ဒီစည်းမျဉ်းအရ လူတွေဟာ နှစ်စဉ်ရည်မှန်းချက်တွေချမှတ်ပြီး အချိန်ဖြုန်းတတ်ကြပါတယ်။
အဲ့ဒီအစား။
ဒါကြောင့် ၁၂ လအတွင်းရည်မှန်းချက်တွေကို ၁၂ ပတ်အတွင်းပြီးအောင်လုပ်ဖို့ ကြိုးစားပါ။
ဒီလိုလုပ်ခြင်းက ပထမ 12 ပတ်တွင်း အရေးတကြီးလုပ်ဆောင်မှုကို ဖြစ်စေပြီး အကောင်အထည်ဖော်မှုကို ပိုမိုကောင်းမွန်စေပါတယ်။
.
10 - Biological Prime Time
သင့်ရဲ့စွမ်းအားအမြင့်ဆုံးအချိန်ကို သတ်မှတ်ပြီး ဒီအချိန်မှာ အရေးကြီးဆုံးလုပ်ငန်းတွေကို လုပ်ဆောင်ပါ။
.
11 - ၈၀% စည်းမျဥ်း
လုပ်ငန်းတစ်ခုရဲ့ ၈၀% ကို အလွယ်တကူပြီးအောင်လုပ်နိုင်ပါတယ်။ ၈၀% ကနေ ၉၀% က ခက်ခဲပြီး၊ ၉၀% ကနေ ၁၀၀% က အရမ်းခက်ခဲပါတယ်။ ဒါကြောင့် ၈၀% မှာ ပြန်လည်သုံးသပ်မှုတွေရယူပါ။
.
12 - ဖားကိုအရင်စားပါ
ဒီနည်းလမ်းက နေ့ရဲ့ပထမဆုံးအချိန်မှာ အခက်ခဲဆုံးနဲ့ အရေးကြီးဆုံးလုပ်ငန်းကို အရင်လုပ်ဖို့ပြောထားပါတယ်။
.
13 - Parkinson's Law
ဒါဟာ အရေးအကြီးဆုံးလုပ်ငန်းတာဝန်ကို ပြီးမြောက်အောင်မြင်ခြင်းက တစ်နေ့တာလုံး ပိုမိုပြီးမြောက်အောင်မြင်ဖို့ လှုံ့ဆော်အားနဲ့ စွမ်းအင်ကို ပေးစွမ်းနိုင်တယ်ဆိုတဲ့ အယူအဆပေါ်မှာ အခြေခံထားပါတယ်။
ဒီစည်းမျဉ်းက လုပ်ငန်းတစ်ခုကို ပြီးဖို့အချိန်ပိုပေးရင် ပိုကြာတတ်တယ်လို့ဆိုပါတယ်။ ဒါကြောင့် အချိန်တိုတိုသတ်မှတ်ပြီး လုပ်ဆောင်ပါ။
.
14 - ၈၀/၂၀ စည်းမျဉ်း
တကယ်လို့ to do list မှာ လုပ်စရာ ၁၀ ခုရှိနေမယ်ဆိုရင် ရလဒ် ၈၀% က ဆောင်ရွက်နေတဲ့ ၂၀% ကနေလာပါတယ်။
၁၀ ခုထဲက နှစ်ခုလောက် ပြီးနေတာက ကျန်တဲ့ ရှစ်ခုထက် ရလာဒ်ကောင်းတွေ ယူပေးနေပါတယ် ဒါကြောင့် ၂၀% ကို အာရုံစိုက်ပါ။
.
15 - ABCDE နည်းလမ်း
ဒီနည်းလမ်းက လုပ်ငန်းတွေကို A (အရေးကြီးဆုံး) ကနေ E (အရေးမကြီးဆုံး) အထိ အဆင့်သတ်မှတ်ပြီး လုပ်ဆောင်ပါ။
.
16 - အချိန်စာရင်းစစ်ခြင်း
သင့်နေ့စဉ်လုပ်ငန်းတွေကို မှတ်တမ်းတင်ပြီး ဘယ်နေရာမှာ အချိန်ကုန်နေသလဲဆိုတာ စာရင်းပြုလုပ်ထားပါ။
.
17- ချိတ်ဆက်မှုမပြတ်စေနဲ့
ဒီနည်းလမ်းက သင့်ရဲ့အလေ့အထတစ်ခုကို နေ့တိုင်းလုပ်ပြီး ပြက္ခဒိန်ပေါ်မှာ အမှတ်အသားပြုပါ။
.
18 - စွမ်းအင်စီမံခန့်ခွဲမှု
စွမ်းအင်စီမံခန့်ခွဲမှုက အချိန်စီမံခန့်ခွဲမှုထက် အရေးကြီးပါတယ်။
ဤနည်းလမ်းသည် သင်သည် သင့်အချိန်ကို မည်သို့သုံးစွဲနေသည်ကို နားလည်ရန်နှင့် ထိရောက်မှုရှိစေရန် မည်သည့်နေရာများတွင် ပြုပြင်ပြောင်းလဲနိုင်သည်ကို ဖော်ထုတ်ရန် ကူညီပေးပါသည်။
အိပ်ရေးကောင်းကောင်းအိပ်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ အလုပ်မှခဏ အနားယူခြင်းတို့ဖြင့် မိမိ၏စွမ်းအားကို မြှင့်တင်ပေးနိုင်ပါသည်
.
19 - ဇီရစ်အကျိုးသက်ရောက်မှု
ဒီစည်းမျဉ်းက မပြီးသေးတဲ့လုပ်ငန်းတွေကို စိတ်ထဲမှာ မှတ်ထားတတ်တဲ့သဘောပါ။
အလုပ်တစ်ခုပြီးရင် ခဏအနားပြီး နောက်ထပ်ဆက်လုပ်စရာ အလုပ်ကို ဆက်လုပ်ပါ။
မိမိ၏ သိစိတ်မှသည် ထိုအလုပ်ကို ဆက်လက်လုပ်ဆောင်နေမည်ဖြစ်ပြီး မမျှော်လင့်ထားသော တခြားသောဖန်တီးမှုဖြေရှင်းနည်းကို ထုတ်ပေးမည်ဖြစ်သည်။ သတိထားရမည့်အချက်မှာ သေးငယ်သော အလုပ်များကို မလုပ်ခြင်းကို ရှောင်ကြဉ်ပါ။
.