Pringles အားလူးကြော် သည် snack သက်သက်မဟုတ်ဘူးနော် 1968 တွင် ဗူးပုံစံ အားလူကြော် ဒီဇိုင်းဖြင့် ထုတ်လုပ်ရောင်းချခဲ့သည်။ Pringles သည်နှစ်စဥ် ဒေါ်လာ ၃ ဘီလီယံကျော် ရောင်းချနိုင်ပြီး ဆန်းသစ်သော ပုံသဏ္ဍာန် ဒီဇိုင်းကြောင့် ပင်ဖြစ်သည်။ နောက်ကွယ်မှ လုပ်ဆောင်နေသူမှာ Frederick Bower ဖြစ်ပြီး ပါရီရှင်တစ်ယောက်လဲဖြစ်ပါတယ်။ တော်တော်များများအာလူးကြော်အထုတ်များတွင် အာလူးကြော်တစ်ဝက် လေတစ်ဝက် ပုံစံကို လူအများ မနှစ်ကြိုက်ပေ။ #LGTmyanmar , #BBKmyanmar
.
Frederick စတိုင်ကျပြီး လတ်ဆတ်မှုရှိသော အာလူးကြော်ဗူးများကို စားသုံးသူများအဆင်ပြေစေရန်ဖန်တီးခဲ့သည်။ အရသာရှိပြီး သန့်ရှင်းသပ်ရပ် သော ဗူးထဲမှ Pringles Chips ပြားသည် အာလူးကြော်များသည် အချပ်တိုင်း အရသာရှိနေခြင်းသည် ကြိုးစားဖန်တီးမှု ၏ရလဒ်ပင်ဖြစ်သည်။ Pringles အာလူးကြော် သည် တခြားသော ထပ်ပေါင်းပစ္စည်းများပါဝင်သောကြောင့် အစားအသောက် စီစစ်ရေးအဖွဲ့များနှင့် ညှိနှိုင်းခဲ့ရသည်။ Pringles အာလူးကြော်သည် အခြောက်ခံထားသော အာလူး ၄၂ % ၊ ဆန်မှုန့် နှင့် ဂျုံမှုန့်ကဲ့သို့သော အခြားပါဝင်ပစ္စည်းများ ဖြင့် ရောစပ် ပြုထားခြင်းဖြစ်သည်။
.
၁၉၇၅ ခုနှစ်တွင် North America FDA မှ အာလူးကြော် မှ အာလူးအကြွပ် ဟုနာမည်ကို ပြောင်းလဲစေခိုင်းခဲ့ပြီး UK FDA မှာတော့ ဆက်လတ်အငြင်းပွားစရာများရှိသေးသည်။ Pringles အာလူးကြော်များကို အာလူး အခွံခွာခြင်း အဆင့်မှ စတင်ပြီး အာလူးကြော်များရအထိ လုပ်ငန်းအဆင့်ဆင့်ကို လေ့လာကြရအောင်။
.
အာလူးများ ရွေးချယ်ခြင်း
- Pringles အာလူးကြော် အတွက် အရည်းအသွေးကောင်းသော အားလူးများကို ရွေးချယ်ပြီး စိတ်ဝင်စားစရာကောင်းသော လုပ်ငန်းစဥ် အဆင့်ဆင့်ကို စတင်လိုက်ရအောင်။
- စက်ရုံကိုရောက်သည်နှင့် အာလူးများကို Converyor belt ပေါ်တင်ပြီး သန့်စင်ဌာနသို့သယ်ဆောင်သွားပါမည်။
- အာလူးများကို ရေဆေးကန်ကြီးတွင် စိမ်ပြီး အညစ်အကြေးများကို ဆေးကြောပေးပါ။
.
Peeling potatoes (အာလူးအခွံခွာခြင်း)
- အာလူးများကို အခွံခွာရန်ပြင်ဆင်ထားသည်။
- အာလူးမျက်နှာပြင် ချောမွေ့ သွားစေရန် အာလူးအခွံခွာစက်ဖြင့်ပြုလုပ်ပေးပါ။
- အခွံခွာပြီးနောက် အာလူးများကို မျက်နှာပြင်များကို စက်များဖြင့် ညင်သာစွာထပ်ပွတ်ပေးပါသည်။
- လတ်ဆတ် နေသော အာလူးများကို ဖြတ်တောက်စက်ရုံသို့ပို့ဆောင်ပေးပါ။
- အာလူးများကို ရေနွေးစိမ်ခြင်း နှင့် ရေနွေးငွေ့ပေးခြင် လုပ်စဥ်နှစ်မျိုးလုပ်ဆောင်ရသည်။
- ထို့နောက် အာလူးများသည် ပျော့ပျောင်းစေရုံသာမက လှီးဖြတ်ရာတွင်လဲ လွယ်ကူစေပြီး အာလူးများ၏ အရသာ နှင့် အရောင်ကို ပိုမိုကောင်မွန်းအောင် စွမ်းဆောင်ပေးသည်။
.
Cutting Potatoes (အာလူးဖြတ်တောက်ခြင်း)
- အာလူးဖြတ်တောက်စက်သည် ၁ မိနစ်လျှင် အကြိမ် ၁၀၀ လှီးဖြတ်နိုင်သည်။
- နောက်တစ်ဆင့်တွင် လှီးဖြတ်ထား အာလူးအချောင်း မှ အတုံးသေးသေးလေးများအဖြစ် ထပ်မံလှီးဖြတ်သည်။
.
ချက်ပြုတ်ခြင်း
- အာလူးတုံးများသည် သီးခြားတုန်ခါနေသော စက်များဖြင့်ဆက်သွားနေပါသည်။
- တုန်ခါစက်များသည် အာလူးအတုံးများ ပူးကပ်ခြင်းမရှိစေရန်ကူညီပေးသည်။
- ကင်မရာများစွာဖြင့် အာလူးများကို ချက်ပြုတ်ရန်အတွက် အပြစ်အနာအဆာများ သို့မဟုတ် မကောင်းတဲ့အစက်အပြောက်များ ရှိမရှိကိုလည်း စစ်ဆေးပါသည်။
- အာလူးအတုံးများကို 185°F ပွက်ပွက်ဆူနေသောရေထဲသို့ စိမ်ကာ ၎င်းတို့သည် အချိန်တိုတောင်းသော်လည်း 2 မိနစ်ခန့်သည် လုံလောက်သည်။
- ဤလုပ်ငန်းစဉ်သည် ရေနွေးငွေ့ပေါင်းအိုးမှတဆင့် အာလူးကြိတ်စက်ရုံသို့ပို့ဆောင်ပေးသောအဆင့်ဖြစ်သည်။
- ဤစက်ကြီးသည် ရေနွေးငွေ့ဖြင့် အတုံးများကို အပူချိန် ၃၄၅ ဒီဂရီဖြင့် ထပ်မံ ချက်ပြုတ်ပေးပါ။
- အသင့်ဖြစ်နေသာ အာလူးအတုံးများကို အာလူးကြိတ်စက်ကြီးထဲသို့ထည့်ပြီး အာလူးများကို သေချာနှံ့စပ်အောင်ကြိတ်ပေးပါ။
.
Drum Drying
- အခုတော့ တကယ့် မှော်ဆန်တဲ့ အချိန်စတင်ပါပြီး အာလူးထောင်းများကို ပြင်ဆင်ထားပါ။
- နောက်တစ်ဆင့်တွင် အာလူးထောင်များကို rotating drum dryer ဖြင့်လုပ်ဆောင်မည်ဖြစ်သည်။
- drum ထဲရှိ အာလူးထောင်းများကို အပူပေးခြင်းကို လုပ်ဆောင်သည်။
- အာလူးထောင်းများသည် မြန်မြန် ရေဓာတ်ခမ်းခြောက်သွားပြီး ပါးလွှာပြီး ပျော့ပြောင်းသော အာလူးအချပ်များဖြစ်သို့ ရောက်ရှိသွားသည်။
- ဤလုပ်ငန်းစဉ်သည် အာလူးများ၏ အရသာနှင့် အရည်အသွေးကို ထိန်းသိမ်းပေးရုံသာမက အခြောက်လှန်းထားသော ထုတ်ကုန်များကိုလည်း တိကျစွာ ပြင်ဆင်ပေးပါသည်။
.