အိမ်တွင်း rice chip ပြုလုပ် နည်းလေးပဲဖြစ်ပါတယ်
စားကောင်းစေသော Peri-Peri ဟင်းခတ်အမွှေးအကြိုင်ကို ကိုယ်တိုင် သဘာဝအတိုင်း ပြုလုပ်ထားသောကြောင့် တာရှည်ပစ္စည်း နှင့် MSG မပါဝင်ပါ။ #LGTmyanmar , #BBKmyanmar
.
အခုပဲပြုလုပ်လိုက်ရအောင်
- ထမင်း - ၉၀၀ ဂရမ်
- ဆားမပါသောထောပတ် - ၂ ဇွန်း
- ရေ - ၁/၄ ခွက်
- ဆား - ၁ လက်ဖက်ရည်ဇွန်း
ထို့နောက် ကြိတ်စက်ဖြင့် နှံ့စပ်အောင် ကြိတ်ပေးပါ။
.
ကြိတ်ထားသော ထမင်းများကို ခွက်ထဲသို့ တဖန် ထည့်ပေးပါ။ ထို့နောက် -
ဆန်မှုန့် - ၂ ဇွန်း
မုန့်ဖုတ်မှုန့် - ၁ လက်ဖက်ရည်ဇွန်း ရောမွှေပေးပါ။ ခရင်ထည့်အိတ်ထဲသို့ ထည့်လိုက်ပါ။
.
ခရင်ထည့်ထားသောအိတ်မှ ကြိတ်ထားသော ထမင်းများကို မုန့်ဖုတ်စက္ကူ/ဆီလီကွန်စက္ကူပေါ်တွင် အနည်းဆုံး 4-5 စင်တီမီတာ ခြား၍ အချပ်ပြားပုံစံ ပြုလုပ်ပေးပါ။ Oven ထဲသို့ထည့်၍ 170°C/325°F ဖြင့်အပူပေးပြီး အချိန် 20-25 မိနစ်ခန့် ဖုတ်ပါ ကျန်းမာရေးနှင့် ညီညွတ်သော အိမ်မှာပဲ အလွယ်တကူလုပ်နိုင်တဲ့ rice chip ရရှိပါပြီး။ ထို့နောက် rice chip များကို လေလုံသော ဘူးထဲတွင် တစ်ပတ်ကြာအထိ သိမ်းဆည်းထားနိုင်ပါသည်။
.
ကိုယ်တိုင် Peri - Peri ဟင်းခတ်အမွှေးအကြိုင်ပြုလုပ်နည်း
- Kashmiri ငရုပ်သီးအနီမှုန့် - ၁ ဇွန်း
- ငရုတ်သီးအနီမှုန့် - ၁ ဇွန်း
- ကြက်သွန်နီမှုန့် - ၁ ဇွန်း
- ကြက်သွန်ဖြူမှုန့် - ၁ ဇွန်း
- ငရုတ်ကောင်းမှုန့် - ၁ ဇွန်း
- တောရှုံးပင် - ၁ ဇွန်း
- သရက်သီးခြောက်မှုန့် - ၁ ဇွန်း
- ဆား - ၁ ဇွန်း
- သကြား - ၁ ဇွန်း
ထို့နောက် ကြိတ်စက်ဖြင့် အမှုန့်များဖြစ်သွားသည်အထိ နှံ့စပ်အောင် ကြိတ်ပေးပါ။
rice chip နှင့် ကိုယ်တိုင်ပြုလုပ်ထားသော Peri - Peri ဟင်းခတ်အမွှေးအကြိုင် ၁ ဇွန်းဖြင့် ရောမွှေပြီး အရသာရှိသော rice chip ကို စားသုံးနိုင်ပါသည်။