TikTok အသုံးပြုပြီး ဒေါ်လာ ၄၀ ရင်းနှီး၍ တစ်နှစ် ၁၂ သန်းထိ ရရှိခဲ့သော အသေးစား လက်ဝတ်ရတနာလုပ်ငန်း (အပိုင်း - ၁)



ဒီ jewelry brand အသေးစားသည် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄၀ ကနေ နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၁.၂ သန်း အဖြစ်သို့ သုံးနှစ်အတွင်းပြောင်းလဲခဲ့ပါသည်။
#LGTmyanmar, #BBKmyanmar


ပိုက်ဆံပေးရသောကြော်ငြာများမပါဘဲ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တည်ထောင်သူ Liv Portio သည် DBL jewelry ကို seven-figure business ဖြစ်လာရန် post တစ်ခုပြီး တစ်ခုတင်၍ ပြုလုပ်ခဲ့ပါသည်။ DBL jewelry ကိုအနုပညာနှင့်လက်မှုပညာအချိန်ပိုင်းအလုပ် ကနေ ၂၀၂၁ နိုဝင်ဘာလတွင် ဝင်ငွေ ဒေါ်လာ ၄ သိန်း ရရှိခဲ့သောစီးပွားရေးအဖြစ်သို့ပြောင်းလဲအောင်ပြုလုပ်ခဲ့သော Instagram နှင့် TikTok post လေးခုကို ဖော်ထုတ်ထားပါသည်။


ဒီဗီဒီယိုတွင် ထို social media post များသည် ဘာကြောင့်အလုပ်ဖြစ်သည်ကို ဖော်ပြပြီး ထိုအရာကိုလေ့လာကာ သင့်စီးပွားရေးကိုမည်ကဲ့သို့ စတင်၍ကြီးထွားရန် ပြုလုပ်နိုင်မည်ကို ဖော်ပြသွားပါမည်။


Liv ရောင်းချရန်ရွေးချယ်ခဲ့သောပစ္စည်းသည် သူမ၏ social media အောင်မြင်မှုနှင့်အများကြီးသက်ဆိုင်သော်လည်း သင်မျှော်လင့်သလိုမဟုတ်ပါ။ အသက် ၁၆ နှစ်တွင် Liv သည် သူမ၏အိမ်၌ လက်ဝတ်ရတနာပြုလုပ်ရန် ပစ္စည်းများဝယ်ဖို့အတွက် သူမ၏မိဘမှ ဒေါ်လာ ၄၀ ကိုချေးယူခဲ့ပါသည်။ Liv ဟာသူမရဲ့ လက်ဝတ်ရတနာများ၏ ပုံများကို Snapchat မှာတင်လိုက်သောအခါ သူမ၏သူငယ်ချင်းများက သူတို့လည်းဝယ်လို့ရမလား လို့မေးခဲ့ကြပါသည်။


သူတို့ဟာ Liv ရဲ့ custom name ဆွဲကြိုးများကိုအထူးသဖြင့်စိတ်ဝင်စားခဲ့ပါသည်။ ထိုဟာသည် မထင်ရလောက်စရာပါ။ စီးပွားရေးတစ်ခု၏ နာမည်အကြီးဆုံး ထွက်ကုန်ဟာ custom ဖြစ်၍ လက်ဖြင့်ပြုလုပ်ထားသည်ဆိုလျှင် ထိုစီးပွားရေးသည် အောင်မြင်ရန် ရှားပါသည်။


အကူအညီပေးဖို့ အဖွဲ့တစ်ဖွဲ့ကို မငှားထားဘူးဆိုလျှင် custom ဖြစ်၍ လက်ဖြင့်ပြုလုပ်ထားသော လက်ဝတ်ရတနာတွေကို အမြောက်အမြား ထုတ်လုပ်နိုင်မည်မဟုတ်ပါ။ သင့်ထုတ်ကုန်အတွက် မှာယူမှု အမြောက်အများမရှိဘဲ အကူအညီပေးဖို့ အဖွဲ့တစ်ဖွဲ့ကိုလည်းငှားလို့ မရပါ။


သို့သော် ထိုအရာသည် DBL jewelry ၏အောင်မြင်မှုကိုအထောက်အကူပြုပေးခဲ့သည့် ပထမဆုံး post ကို ပြောပြပေးပါမယ်။



အဲ့အရာဟာ customer တစ်ယောက်သည် သူ၏ custom name ဆွဲကြိုးကိုဆွဲထားတဲ့ပုံဖြစ်ပါသည်။

ထိုပုံထဲမှာအရေးကြီးတဲ့အရာ ဘာမှမရှိသော်လည်း ထူးခြားခဲ့တဲ့အရာဟာ ပုံမှာသုံးခဲ့သော နည်းဗျူဟာဖြစ်ပါသည်။

ထိုဆွဲကြိုးဟာ custom made ဖြစ်ခဲ့သောကြောင့် ဝယ်ယူခဲ့သည့် customer တွေက သူတို့ရဲ့ ပုံတွေကို သူ၏ သူငယ်ချင်းများနှင့် follower များကို မျှဝေခဲ့တာကြောင့် ဆွဲကြိုးအပေါ် စိတ်ဝင်စားမှုရှိလာအောင် များစွာလှုံဆော်မှု ရှိခဲ့ပါသည်။ ဒါကြောင့် ကြော်ငြာအားသုံးစရာမလိုပဲ အောင်မြင်တဲ့ post တစ်ခု ဖြစ်လာတာပါ။ ဒါကြောင့် ဒီ design ကို နှစ်အနည်းငယ် အချိန်သုံးပြီး တွန်းရောင်းပြီးတဲ့နောက် Instagram ရဲ့ account မှာ ဖော်လိုဝါတိုးလာပြီး Shopify ကိုသုံးပြီး အွန်လိုင်းဆိုင်လေးပါဖွင့်နိုင်ခဲ့ပါတယ်။


ထို့နောက် pandemic ကျရောက်လာပြီးအရာအားလုံးပြောင်းလဲသွားပါသည်။ Quarantine မှာကျရောက်နေတုန်း Liv သည် TikTok ကို download လုပ်ခဲ့ပါသည်။ ဤအရာဟာ ကျွန်ုပ်တို့ကို Liv ရဲ့အောင်မြင်မှုဇာတ်လမ်း၏ ဒုတိယအဓိကအချက်ကို ခေါ်ဆောင်သွားပါသည်။ မတ်လတွင် တင်ခဲ့ပြီး တစ်ညအတွင်း ကြည့်ရှုသူ ၅.၇ သန်း ရှိနေသော TikTok တစ်ပုဒ်ဖြစ်ပါသည်။




ကျွန်မ၏ နောက်ဆုံးဗီဒီယိုမှာ အားလုံးကို ဘာနာမည်နှင့် ဘယ်လိပ်ပြာအရောင်ကို ပြုလုပ်ရမလဲလို့မေးခဲ့တာ ပထမဆုံး commentမှာ Lily လို့ရေးခဲ့ကြပါတယ်။ အခု သံကြိုးကိုတပ်ဆင်ဖို့အချိန်ရောက်ပါပြီ။ Lily နှင့် Lavender အရောင်လိပ်ပြာပါ။ အခု ခရမ်းရောင်လိပ်ပြာကိုထည့်ပါမည်။ ထို့နောက်ပြီးဆုံးသွားပါသည်။ ကျွန်မကို သင့်နာမည်ပြုလုပ်စေချင်သည်ဆိုလျှင် ယခုဗီဒီယို သို့မဟုတ် ယခင်ကဗီဒီယိုတွင် comment ပေးပါ။ ဤ TikTok post ဟာ Liv ကို တစ်ညတာအတွင်း follower ၁.၁ သန်း အထိ တွန်းတင်ပေးလိုက်ပါသည်။


Liv ဟာ သူမ၏ထုတ်ကုန်များကို TikTok ပေါ်တွင် တင်ပြခဲ့ဖူးသော်လည်း ဒီအရာဟာ customer များကို သူမ၏ လက်ဝတ်ရတနာများရဲ့ပြုလုပ်ပုံကို ပထမဆုံးဖော်ပြခဲ့တာဖြစ်ပြီး ဤအရာဟာ TikTok ခေတ်မှာ custom-made ထုတ်ကုန်များကိုရောင်းချရန်လိုအပ်သော အလိုလို သိသင့်သည့်ဉာဏ်ရည် ဖြစ်ပါသည်။ Process ဟာ content ဖြစ်ပါသည်။


Instagram တွင် တောက်ပပြီး ပြီးဆုံးသွားသောထုတ်ကုန်များကို customer များသည် brand တစ်ခု ဖန်တီးခြင်း နောက်ကွယ်က အရာတွေကို စိတ်ဝင်စားကြပါသည်။ Liv သည်သူမ၏ name ဆွဲကြိုးများပြုလုပ်ပုံကိုဖော်ပြသည့် ဗီဒီယိုများကိုထပ်မံမျှဝေခဲ့ပြီး သူမ၏ ရောင်းချမှုများ လှိမ့်ဝင်လာခြင်းကို ကြည့်ရှုခဲ့ပါသည်။ နောက်တစ်လခန့်ကြာမြင့်သောအခါ Liv သည်သူမ၏ အချိန်ပိုင်းအလုပ်ကို seven-figure business အဖြစ်ပြောင်းလဲရန်ကူညီပေးခဲ့သော တတိယအဓိကအချက်ကို တင်ခဲ့ပါတယ်။


"ကျွန်မ၏ order များကိုဘယ်လိုပို့ဆောင်လဲဆိုတာ အားလုံးကိုပြသသွားပါမည်။ Pirate Ship လို့ခေါ်တဲ့ platform ဟာ ကျွန်မကို ပို့ဆောင်ခလျှော့ပေးသည့်အတွက်အသုံးပြုပါသည်။ အခု အမှတ်တံဆိပ်ပုံနှိပ်ရပါမည်။ မှင်အသုံးမပြုသောကြောင့် ကျွန်မသည် small business များအတွက်ဤအရာကိုအကြံပြုပေးပါသည်။ အဖုံး၏ပုံစံဟာ ဒီလိုဖြစ်ပါသည်။ သူမ၏ business ကိုဘယ်လိုစတင်၍ လည်ပတ်သည့်ပုံကို ဤ TikTok တွင်ရှင်းလင်းစွာဖော်ပြပေးပါသည်။


ဤအရာဟာရူးသွပ်သည်ဟုထင်ရပါသည်။ သူမ၏လုပ်ငန်းလည်ပတ်ရန် အသုံးပြုသောကိရိယာများနှင့် website များအကြောင်း ယှဉ်ပြိုင်သူများကို ရှင်းလင်းစွာ ဖော်ပြထားပါတယ်။ သို့သော် ထို post များကြောင့် Liv ဟာ သူမ၏ TikTok အကောင့်ကို ကြီးထွားအောင်ပြုလုပ်နိုင်ခဲ့တာပါ ဟု Liv ကပြောဆိုပါသည်။


"လူတိုင်းဟာ ကိုယ့်နည်းနှင့်ကိုယ် တစ်ကိုယ်ကောင်းဆန်ကြပါတယ်။

သူတို့က သင့်အတွက် သင့်အနောက်ကို လိုက်မှာမဟုတ်ပါဘူး။

သူတို့က သူတို့လိုချင်တဲ့ အချက်အလက်တွေ သင်ကပေးနိုင်လို့ သင့်နောက်ကို လိုက်တာပါ။

Liv Portio



Previous Post Next Post