လုပ်ငန်းတော်တော်များများမှာ အချိန်ပိုင်း အချိန်ပြည့် အိုင်တီ ဝန်ထမ်းတွေ ငှားရမ်းကြပြီး နည်းပညာပိုင်းဆိုင်ရာ အခက်အခဲတွေကို ဖြေရှင်းကြပါတယ်။ တခါတရံမှာ အခက်အခဲတခုခု ကြုံရတဲ့အခါ အိုင်တီအဖွဲ့က များစွာသော error တွေကို ဖြေရှင်းနေရတဲ့အချိန်ဆိုရင် အခြေအနေဆိုးတဲ့အချိန်မှသာ ရောက်လာကြတာမို့ ကိုယ်တိုင် ဖြေရှင်းလို့ရမယ့် error အသေးလေးတွေကို ဖြေရှင်းနိုင်ဖို့ အခြေခံ အိုင်တီ နည်းပညာကို သိထားဖို့ လိုပါသည်။ #LGTmyanmar , #BBKmyanmar
.
ဖုန်း ကွန်ပျူတာ နဲ့ စက်ပစ္စည်းတွေ error တက်တဲ့ အခါ ဘယ်လိုဖြေရှင်းနိုင်မလဲ?
error တစ်ခုခုဖြစ်သွားတဲ့အခါ Search Engines မှာ အဖြေရှိပါတယ်။ Google, YouTube, Yahoo, or Bing ဘယ်တစ်ခုကိုပဲသုံးသုံး ဘယ်လိုဖြေရှင်းရမလဲဆိုတာ ရှာရတာလွယ်ပါတယ်။
နမူနာအနေနဲ့ computer , printer ကနေ error တစ်ခုခုဖြစ်နေတယ်လို့လာပြတဲ့အခါ စက်ရဲ့ model number နဲ့ error code ကို search box မှာ ရိုက်လိုက်တာနဲ့ ကိုယ်လိုပဲ error တက်ဖူးသူရဲ့ တူညီတဲ့ ပြသနာ ဖြေရှင်းပုံတွေရဲ့ အဖြေကို တခြားသူတွေရဲ့ အကြံပြုချက်တွေကိုရှိနိုင်ပါတယ်။
- ထုတ်လုပ်တဲ့ company တွေက error code တွေနဲ့ ဘယ်လိုဖြေရှင်းရမလဲဆိုတာတွေကို ဖော်ပြထားကြတာရှိပါတယ်။
- ကျွမ်းကျင်ပညာရှင်တွေက ဖြေရှင်းပုံနည်းလမ်းတွေ ရေးပေးထားပါတယ်။
- error နဲ့ ပတ်သက်တဲ့မေးခွန်းတွေနဲ့ တူညီတဲ့ အနီးစပ်ဆုံးသော မေးခွန်းတွေကို ဖော်ပြပေးထားပါတယ်။
တခါတစ်ရံမှာ အွန်လိုင်းမှာ ရှာကြည့်ရုံနဲ့ အဖြေမရနိုင်ပေမယ့် ထုတ်လုပ်တဲ့ company သို့မဟုတ် သူတို့တွေရဲ့ IT ပညာရှင်တွေနဲ့ ချိတ်ဆက် မေးမြန်းနိုင်မှာပါ။
.
စက်ပစ္စည်းတွေတစ်ခုနဲ့တစ်ခု ချိတ်ဆက်ထားတဲ့ ကြိုးတွေကို လေ့လာပါ။
ဒီနေ့ခေတ်မှာ printer မိတ္တူစက် နဲ့ computer တွေက ဆောင်ရွက်နိုင်တဲ့ လုပ်ငန်းတွေ ပိုပိုစုံလာသလို error တွေကလဲ မျိုးစုံဖြစ်နိုင်ပါတယ်။ ကြိုးတွေနဲ့ အပေါက်တွေလဲ များလာပြီး အဓိကကြိုးတွေ ကတော့ ပါဝါကြိုး USB နဲ့ network ချိတ်တဲ့ ကြိုးတွေပါ။ ဒီကြိုးတွေက ဘယ်လိုတွေ ချိတ်ဆက်နေတာလဲဆိုတာ သိထားရပါမယ်။
.
အသုံးများတဲ့ IT common words အနည်းငယ်ကို ပြောပြပေးချင်ပါတယ်။
IP address : ကွန်ပျုတာ printer နဲ့ စက်တိုင်းမှာ မတူညီတဲ့ ကိုယ်ပိုင်နံပါတ်တွေ ရှိကြပါတယ်။ ဒါမှ ဘယ်စက်က ဘယ်လိုတွေ အလုပ်လုပ်လဲဆိုတာ သိနိုင်မှာပါ။
Firewalls: ကိုယ့်ရဲ့စက်ထဲက အချက်အလက်တွေ ခိုးယူခံရခြင်းမရှိစေဖို့ ကာကွယ်ပေးထားတဲ့ antivirus software တစ်ခုဖြစ်ပါတယ်။
Cloud Computing: အလုပ်ခန်းတစ်ခုထဲမှာ ဝန်ထမ်းအားလုံး ရှိနေဖို့မလိုပဲ work form home အလုပ်လုပ်ကြတဲ့အခါ သို့မဟုတ် ခရီးသွားနေတဲ့အခါပဲဖြစ်ဖြစ် အလုပ်တစ်ခုပြီးဖို့ ဘယ်နေရာကဆို ပူးပေါင်းလုပ်ဆောင်နိုင်စေပါတယ်။
.
အွန်လိုင်းမှာ အချက်အလက်တွေ မပေါက်ကြားအောင် ဘယ်လို လုပ်ရမလဲ
" သင် ကားသစ်တစ်စီး အနိုင်ရရှိပါတယ်။"
"သင် ဖုန်းတစ်လုံးလက်ဆောင်ရရှိပါတယ်။ "
"သင် ဒေါ်လာ ၅၀၀၀၀ ဆုငွေ ရရှိပါတယ်။"
စတဲ့ ကြော်ငြာတွေကို လုံးဝ မနှိပ်မိပါစေနဲ့ မနှိပ်ခင်မှာ သေချာစဉ်စားပြီးတော့ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ တောင်းနေပြီဆိုရင်တော့ ဒါဟာ malware လို့ခေါ်တဲ့ အွန်လိုင်းလိမ်လည်ခိုးယူမှုတွေပါ။ ဒီကြော်ငြာတွေကတဆင့် သင့်ဆီကနေ ဘဏ်အချက်အလက်တွေ password တွေ သိရှိသွားပြီဆိုရင် သင့်ဆီကနေ ငွေကြေး ခိုးယူတာ အချက်အလက်တွေ ခိုးယူ တာတွေလုပ်လို့ရပါတယ်။