ဆိုင်ထဲက စင်ပေါ်ကနေ ဝယ်လာတဲ့ အစားအသောက်တွေ စားသောက်ကုန်တွေအကြောင်း ပြောကြတာပေါ့။ ဒါတွေအားလုံးဟာ လယ်ယာတွေမှာ စိုက်ပျိုးပြီး အိန္ဒိယရဲ့ တိုးပွားလာတဲ့ လူဦးရေအရ လုပ်သားအင်အားရဲ့ 50% ဟာ စိုက်ပျိုးရေးကို လုပ်ကိုင်ကြတာဖြစ်ပါတယ်။ လူဦးရေ ၁.၅ ဘီလီယမ် က ကောက်ပဲသီးနှံ စိုက်ပျိုးခြင်းပေါ်မှာ မှီခိုနေရပြီး အခုမှာတော့ AI ရဲ့ အကူအညီကြောင့် အမြတ်ပိုရပြီးတော့ ပိုမိုထုတ်လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။ #LGTmyanmar, #BBKmyanmar
ထွန်ယက်တာကိုတော့ ပုံမှန်နည်းလမ်းတွေကိုပဲ သုံးပြီးတော့ Nk ကတော့ ရာသီဥတုခန့်မှန်းတာ မြေကြီးကောင်းမကောင်း မြေဩဇာဘယ်အချိန်မှာ ဖြန်းရမလဲ နဲ့ ပိုးမွှားကျရောက်မှု ရှိမရှိကို AI နည်းပညာကို သုံးနေပါသည်။ မိုဘိုင်းapplication ကတဆင့် ကြည့်ရူနိုင်ပြီး AI ကနေ ရတဲ့ အချက်အလက်တွေပေါ်မူတည်ပြီး ပြင်ပ တင်သွင်းတွေသူတွေဆီက ဝယ်ယူပါတယ်။ AI ကြောင့် တကယ်လိုအပ်တဲ့ အနေအထားမှာ ပြောင်းရွေ့ စိုက်ပျိုးနိုင်ပြီး အပင်တွေ ရေရှိမှု အခြေအနေကိုပါ ကြည့်ရူစစ်ဆေးနိုင်ပါတယ်
AI အသုံးပြုပြီးတဲ့ တာက် စပျစ်သီး နဲ့ မာလကာသီးစိုက်ပျိုးရေးတွေမှာ ပုံမှန်ထက် ၂၅ ရာခိုင်နှုန်း အထွက်နှုန်းပိုကောင်းလာခဲ့ပါသည်။ သုံးနေကြ စိုက်ပျိုးရေးနည်းလမ်းတွေမှာ ပေါင်းပင်တွေနဲ့ ပတ်သက်ပြီး ထိရာက်မှု အားနည်းပေမယ့် AI မှာတော့ အဖြေရှိပါတယ်။ ဆေးဖြန်းတဲ့အချိန်မှာ အရင်နည်းလမ်းတွေနဲ့ဆိုရင် ဧကလိုက်ဖြန်းတာကြောင့် မလိုတဲ့နေရာတွေမှာ waste ဖြစ်ပေမယ့် AI နဲ့ ဆိုရင် ကင်မရာတွေနဲ့ scan ဖတ်ပြီး တစ်ပင်ချင်းစီ အခြေအနေအလိုက် ဖြန်းသင့် မဖြန်းသင့် ဆုံးဖြတ်နိုင်ပါသည်။
AI နည်းပညာကြောင့် အရင်းအမြစ်တွေ သုံးစွဲမှု ၅၀ ရာခိုင်နှုန်းထိ လျော့ချနိုင်တာကို တွေလာရပါတယ်။ အစိုးရအနေနဲ့ စိုက်ပျိုးရေးမှာ ဆန်းသစ်တဲ့ နည်းပညာတွေ အသုံးပြုဖို့ တွန်းအားပေးခဲ့ပေမယ် တောင်သူ ၂ ရာခိုင်နှုန်းလောက်ပဲ သုံးပါသေးတယ်။ နည်းပညာအသုံးပြုမှုတွေက ပိုကျယ်ပြန့်အောင် ပြုလုပ်ဖို့လိုနေပါတယ်။
India မှာ ကြုံတွေ့နေရသေးတဲ့ ကန့်သတ်ထားမှုတွေနဲ သီးနှံအထွက်နှုန်းကျဆင်းမှုတွေ အပါ ငွေကြေးနဲ့ အာမခံ ရရှိမှုတွေရဲ့ လိုအပ်ချက်တွေကို AI နဲ့ ဖြည်ဖို့လိုပါတယ် အချက်အလက်တွေပေါ်မူတည်ထားတဲ့ စိုက်ပျိုးရေးက အမြတ်ရရှိဖို့ ကတိပေးနိုင်ပေမယ့် အချိန်နဲ့ ရင်းနှီးမြုပ်နှံမှုကလဲ ထည့်စဉ်းစားဖို့ လိုနေပါတယ်။