စံပယ်ဆီက တန်ဖိုးမြင့် ရေမွှေးတွေမှာ အဓိက ပါဝင်ပစ္စည်းဖြစ်ပြီး စံပယ်ဆီ 1 kg ကို ဒေါ်လာ ၅၀၀၀ အထက် ပေးရပါတယ်။ စံပယ်ဆီ 1 kg ရဖို့ အနာကင်းပြီး သန့်တဲ့ အဖူး ၅၀၀၀ ခူးဖို့ လိုအပ်ပါတယ်။ India မှာ စံပယ်ပန်းကို ပွဲတော်ရက်တွေမှာ ပန်းကုံးအဖြစ် အသုံးပြုကြပါတယ်။ #LGTmyanmar , #BBKmyanmar
India မှာ စံပယ်ပန်း အမျိုး ၈၀ ကျော်စိုက်ပျိုးပြီးတော့ jasmine grandiflorum နဲ့ sambac မျိုးစံပယ်တွေက ဈေးကောင်းရတဲ့ မျိုးနှစ်ခုပါ။ စံပယ်ပွင့်တွေရဲ့ ရနံ့က ရက်အနည်းငယ်ပဲ ခံတဲ့အတွက် အဖူးတွေကိုပဲ အဓိကထားရောင်းချကြပါတယ်။ စံပယ်ဖူးတွေရဲ့ ရနံ့က ရက်အတော်ကြာခံပြီးတော့ သယ်ယူပို့ဆောင်ရတာလဲ လွယ်ကူပါတယ်။
ညဘက်မှာ ဖူးပွင့်တဲ့ အမျိုးဖြစ်ပြီးတော့ နေမပူခင် အဖူးတွေကို အချိန်မီ ခူးဆွတ်ရပြီး ဈေးကွက်ကို အချိန်မီ ရောက်ဖို့ အရေးကြီးပါတယ် ။ ရွေးချယ် ခူးရတာ အရမ်းတော့ လွယ်ကူနေတဲ့ ကိစ္စမဟုတ်ပဲ အဲ့ဒီနေ့မှာ ပွင့်မယ့် အဖူးကို ရွေးခူးပေးဖို့လိုပါတယ်။ အဖူး ၅၀၀၀ ရဖိုဆိုရင် လက်ဝင်ပြီးတော့ ရှေ့တိုးနောက်ဆုတ် အကြိမ် ၅၀၀၀ ထက်မနည်း ပြုလုပ်ရမှာပါ။ တကယ်လို့ ခူးတဲ့ နေ့မှာ ပွင့်မယ့်အဖူးမဟုတ်ဘူးဆိုရင် ရနံ့ သုံးလို့မရပါဘူး။ အဖူးတွေက အရမ်းသေးနေမယ်ဆိုရင် အနံ့သိပ်မရလို့ ရေမွှေးအဖြစ် သုံးလို့မရတဲ့ အတွက် ရွေးချယ်ဝယ်ယူတဲ့အချိန်မှာ သေချာ စစ်ဆေးရပါသည်။
နေဝင်သွားတဲ့အချိန်မှာ ရွေးချယ်ဝယ်ထားတဲ့ စံပယ်ဖူးတွေကို အပူချိန်ကြောင့် ညှိုးမသွားစေဖို့ စက်ရုံထဲမှာ ဖြန့်ခင်းပေးထားရပါတယ်။ စံပယ်ဖူးလေးတွေ ပွင့်လာစေဖို့ အချိန်စောင့်ပေးရပြီးတော့ ပွင့်လာတဲ့အချိန်မှာ ရနံ့လှိုင်လှိုင် ရလာပါတယ်။ တခါတလေမှာတော့ အနံ့ မကောင်းတာမျိုးလဲ ရှိပါတယ်
ပွင့်လာတဲ့ စံပယ်တွေကို ၅၀၀၀ လီတာ extractor နဲ့ solvent နည်းပညာကိုသုံးပြီးတော့ ရနံ့တွေကို စုပ်ယူပြီး အရည်တွေကို ဖယ်ထုတ်လိုက်တဲ့အခါ ရလာတဲ့ စံပယ်အဖတ်တွေ ကို စံပယ်ဆီ ထုတ်လုပ်ဖို့အတွက် အသုံးပြုပါမယ် ။
စံပယ်အဖတ်တွေထဲကို alcohol ထည့် ပြီး နောက်ထပ်တဆင့် ထပ်မံခွဲထုတ်လိုက်တဲ့အခါ စံပယ်ဆီနဲ့ အရည်မကျန်တော့တဲ့ အဖတ်တွေကို ရရှိလာပါတယ် ။ စံပယ်ဆီက Mon Guerlain ရေမွှေးအတွက် အဓိကပါဝင်ပစ္စည်းဖြစ်ပါတယ်။
သင်းပျံ့တဲ့ ရနံ့ နဲ့ စွဲမက်ဖွယ်ကောင်းတဲ့ ခံစားမှုတွေပေးစွမ်းနိုင်တဲ့ Mon Guerlain ရဲ့ ထုတ်ကုန်တိုင်းမှာ စံပယ်ဆီနဲ့ အခြား ပါဝင်ပစ္စည်း ၅ နဲ့ အတူ ပန်းရနံ့တွေနဲ့ ဖန်တီးထုတ်လုပ်ထားတဲ့ အတွက် စံပယ်ဆီတွေရဲ့ ဈေးနှုန်းကလဲ ကမ္ဘာ့ဈေးကွက်ဝင် ဈေးကြီးတဲ့ ပန်းအဆီတစ်မျိုးဖြစ်ပါတယ်။