စက္ကူဖြင့် စျေးဝယ်အိတ် (shopping bag) ပြုလုပ်နည်း


Paper Bag ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းများ 

  1. A4 စာရွက် တစ်ရွက်
  2. ကော်
  3. ပေတံ၊ ခဲတံ
  4. ထောက်ချွန်
  5. လက်ကိုင်အိတ်ပိုးကြိုး 

#LGTMyanmar, #BBKMyanmar

***

 Paper Bag ပြုလုပ်ပုံအဆင့်ဆင့်

  1. A4 စာရွက် အပေါ်ဘက်ကနေ ပေတံနဲ့ (3cm) အမှတ်အသားယူပြီး ခေါက်ပါ။
  2. A4 စာရွက် ညာဘက် ကနေ ပေတံနဲ့ (1cm) အမှတ်အသားယူပြီး ခေါက်ပါ။
  3. ခေါက်ထားတဲ့ စာရွက်အပေါ်မှာ ကော်သုတ်ပြီး စာရွက်ကို အလယ်ကနေ ခေါက်လိုက်ပါ။
***

အိတ်အောက်ခြေအပိတ်ပြုလုပ်ခြင်း 
  • အောက်ခြေကနေ (5cm) အမှတ်အသားပြုလုပ်ပြီး ခေါက်ပါ။
  • ခေါက်ထားတဲ့စာရွက် အစွန်း နှစ်ဘက်ကို ကြိဂံပုံ ခေါက်ပါ။
  • ခေါက်ပြီးသွားရင် အောက်ခြေကို ဖွင့်လိုက်ပြီး အစွန်းနှစ်ဖက် ကို  ကြိဂံပုံ ဖြစ်သွားအောင် ဖိပေးပါ
  • အပေါ်ဆုံး လေးပုံတစ်ပုံစာ ခေါက်ပါ အောက်ဆုံးနားကနေ လေးပုံတစ်ပုံစာထပ်ခေါက်ပေးပြီး ကော်သုတ်ပြီး ကပ်ပေးပါ ။
  • ဘေးနှစ်ဘက်အတွက် စတုရန်းပုံလေး ပေါ်နေတဲ့ နေရာရဲ့ တဝက်ကို အမှတ်အသားထားပြီး ဘယ် ညာ အရာပေးပြီး ခေါက်ပေးပါ။

***


လက်ကိုင်ပြုလုပ်ခြင်း

ကြိုက်နှစ်သက်တဲ့ နေရာကနေ စာအုပ်ဖောက်တဲ့ pump သို့မဟုတ် အချွန်ပါတဲ့ ထောက်စူးနဲ့ အပေါက်ဖောက် ကြိုးတပ်ပြီး ပြီဆိုရင် အသေးစား shopping bag ရရှိပါပြီ။

***

အလှဆင်ခြင်း

အိတ် အပေါ်ဘက်ကနေ အပေါက် ဖောက်ပြီး ဖဲကြိုး သို့မဟုတ် ချည်မျှင်များ အသုံးပြုပြီး လက်ကိုင်များပြုလုပ် အလှဆင်နိုင်ပါတယ်။

အိတ်ကို သတင်းစာများ၊ စတစ်ကာများ၊ ပုံများ၊ သို့မဟုတ် အခြားအလှဆင်ပစ္စည်းများဖြင့် အလှဆင်နိုင်ပါသေးသည်။

ဒီအခြေခံနည်းလမ်းကို အသုံးပြုပြီး စိတ်ကြိုက်တီထွင်ဖန်တီးနိုင်မှုအပေါ် မူတည်၍ ပုံစံအမျိုးမျိုးဖြင့် စက္ကူအိတ်များ ဖန်တီးနိုင်ပါတယ်။

***





Previous Post Next Post