ပြောသမျှ ရေးသမျှ လိုက်ရိုက်ပေးတဲ့ GBoard app ကို ဘယ်လို ထည့်မလဲ?

Google Keyboard လို့ အဓိပ္ပါယ်ရတဲ့ GBoard app ကို ဘယ်လို ထည့်ရမလဲ ဆိုတာကို ဒီဗီဒီယိုလေးက ပြသသွားမှာ ဖြစ်ပါတယ်။ #LGTmyanmar, #BBKmyanmar


  

မြန်မာ ကီးဘုတ် ထည့်နည်း

#GBoard ဆိုတာဟာ စကားပြောသမျှကို သင့်ဖုန်းက နားထောင်ပြီး စာတွေလိုက်ပေးတဲ့ Android app လေး ဖြစ်ပါတယ်။ အင်မတင်မှ အသုံးဝင်ပြီး မြန်မာပြည်က #ယူနီကုဒ် သုံးတဲ့လူတွေအတွက် အထူးသီးသန့် ထုတ်လုပ် ပေးထားတာလည်း ဖြစ်ပါတယ်။ စာရိုက်ပျင်းတဲ့ ပုဂ္ဂိုလ်များ၊ လက်မအားလို့ အဆင်ပြေသလို ရေးမှတ် ထားချင်သူတွေအတွက် အတော့်ကို အသုံးတည့်ပါတယ်။ အချိန်ကုန် သက်သာပါတယ်။

အားသာချက် တစ်ခုက ဆူညံနေရင် ဖုန်းရဲ့ ဖန်သားပြင်ပေါ်မှာ မြန်မာလို လက်ရေးနဲ့လည်း ရေးလို့ ရတဲ့ ဆော့ဝဲ ဖြစ်ပါတယ်။ စကား‌ ပြောတဲ့ အခါမှာတော့ သတိထားပြီး ပီပီသသ ပြောပေးဘို့ လိုအပ်ပါတယ်။ အစပိုင်းမှာတော့ မိမိအသံကို ဖုန်းက သိပ်အကျွမ်းတဝင် မဖြစ်သေးတဲ့ အခါမှာ စာလုံးပေါင်း အမှားတွေ ထွက်တတ်ပါတယ်။ စာလုံးပေါင်း မှားတိုင်း ‌ပြင်ပေးလိုက်ပါ။ ပြင်ပေးလိုက်တဲ့ အခါတိုင်း ဖုန်းက ဪ.. ဒီအသံထွက်က ဒီစာလုံး ပါလားလို့ AI က အလိုအလျောက် သင်ယူ သွားပါလိမ့်မယ်။ အသုံးများလာတာနဲ့အမျှ နောင်ကို သင့် စကားပြောသမျှ ပိုမှန်မှန် ထွက်လာပြီး၊ နောက်ဆုံးမှာ သင်ကြိုက်သလိုပြောသမျှ ဖုန်းက စာလုံး အမှန်တွေ ရိုက်ပေးနိုင်တဲ့ အဆင့် ရောက်လာပါ လိမ့်မယ်။

အားနည်းချက် ကတော့ ဖုန်းရဲ့ ပတ်ဝန်းကျင်မှာ ဆူညံသံတွေ များနေရင်တော့ မိမိ ပြောတဲ့ စကားကို သူနားလည်ရ ခက်ခဲပြီး ပြောတဲ့ စာလုံးတွေ မထွက်လာတာမျိုး ဖြစ်တတ်ပါတယ်။ iPhone iOS တွေမှာတော့ သုံးလို့ မရသေးပါဘူး။

.   

စာရိုက်နည်း

ဒီဗီဒီယို လေးကတော့ GBoard Keyboard သုံးပြီး မြန်မာယူနီကုဒ် စာရိုက်နည်းရေးနည်းလေး ဖြစ်ပါတယ်။


.

   

GBoard ထည့်နည်း နောက်တစ်နည်း



Google keyboard မှာ မြန်မာစာကီးဘုတ် ထည့်နည်းနှင့် Voice Typing(အသံဖြင့်စာရိုက်ခြင်း) ရအောင်လုပ်တဲ့နည်း ဖြစ်ပါတယ်။ Gboard appကို Googleမှာရှာပြီး latest versionကိုပဲ ဒေါင်းယူတာအကောင်းဆုံးပါ။

.

ဒေါင်းလုဒ် လုပ်ရန် နေရာ

Gboard keyboard ဒေါင်းလုပ်ဆွဲရန် link ကတော့-

https://play.google.com/store/apps/details?id=com.google.android.inputmethod.latin&pli=1



Previous Post Next Post