မုန်လာဥနီ အကြောင်း
- အမြစ်ပိုင်း (၃) ကို စားရသည်။
- အစိမ်း/ချက်ပြုတ်/အသုပ် စသည်ဖြင့် စားသုံးကြပါသည်။ လများစွာ သိုလှောင်နိုင်သည်။ စည်သွပ်နိုင်သည်။
- ကျိုး/ကြေ/ပျက် ဥများကို ကျွဲ/နွားများအား ကျွေးနိုင်သည်။
- အချိန်တိုတိုနှင့် ကြီးထွားရန် လိုအပ်သည်။ သို့မဟုတ်ပါက ဥ၏ အနံ့အရသာ၊ အသားချောမွေ့မှု လျော့နည်းတတ်သည်။
စိုက်သင့်သော ရာသီဥတု
- အေး၍ နွေးသော ရာသီဥတုတွင် ဖြစ်ထွန်းပါသည်။
- အသင့်လျော်ဆုံး အပူချိန်မှာ ၆၀F မှ ၇၀F (၁၆C မှ၂၁C) ဖြစ်ပါသည်။
- ပူ၍ ခြောက်သွေ့က လွယ်ကူစွာ အပင်မပေါက်ပါ။
- အပူချိန်မြင့်မားလွန်းက ဥအရွယ် ပုတို၊ ပုံပျက်၊ အရည်မရွှမ်းပါ။
မြေအမျိုးအစား
- မြေအမျိုးအစားပေါ် မူတည်၍ အထွက်ကောင်းခြင်း၊ အရည်အသွေးကောင်းခြင်း များ ဖြစ်ပေါ်သည်။
- မြေစေးမြေတွင် စိုက်ပါက အသားကြမ်း၍ အရောင်ညစ်ထေးတတ်သည်။
- သဲနုန်းမြေတွင် မြေဆွေးပါဝင်မှုများသင့် (ဥအရည်အသွေးနှင့် ဥအထွက်နှုန်းကောင်း မွန်စေရန်)
- မြေ၏ချဉ်ငန်ကိန်း pH5.8 မှ pH7 အတွင်း ဖြစ်သင့်ပါသည်။ မြေ၏ ချဉ်ငန်ကိန်း pH5.5 ဖြစ်နေပါက (၁)ဧကလျှင် မဖေါက်ထုံးအမှုန့် ၆၄ဝ ပေါင်မှ ၉၆၀ ပေါင် နှုန်း အား မစိုက်မီ (၃လမှ ၆လ) ကြိုတင်ထည့်ပေးသင့်ပါသည်။
- မြေတွင် ကြီးထွားသော အပင်မျိုးဖြစ်၍ မြေသားထု ထူ၍ ပွရန် လိုအပ်ပါသည်။
- မြေအစိုဓာတ်လွန်ကဲပါက ဥများ ပုတ်တတ်သည်။
စိုက်ပျိုးသင့်သော အချိန်
- တောင်ပေါ်ဒေသများတွင် အအေးဓာတ်ရှိနေသေးပါက၊ ဇန်နဝါရီလ၊ ဖေဖော်ဝါရီလ များတွင်လည်း စိုက်နိုင်ပါသည်။
တရုတ်နံနံ အကြောင်း
- အရွက်စား ဟင်းသီးဟင်းရွက် အုပ်စုတွင် ပါဝင်ပါသည်။
- အရွက်ပိုင်းကို စားရသည်။ အစိမ်း/အသုပ်/ခေါက်ဆွဲကြော်/ဟင်းချိုများတွင် ထည့်သွင်း စားသုံးကြသည်။
- မြန်မာနံနံထက် အရွက်၊ အရိုးပိုထူသည်။
- အချိန်တိုအတွင်း ဖြစ်ထွန်းမှုလွယ်ကူသဖြင့် ပေါပေါများများ ရောင်းချကြသည်။
- မြေယာပြုပြင်၊ စိုက်ဘောင်ဆွဲ၊ အပင်ပြုစုခြင်းများသည် မုန်လာဥနီနှင့် ဆင်တူပါသည်။
စိုက်သင့်သော ရာသီဥတု
- အေးသော ရာသီဥတုကို နှစ်သက်သည်။
- အေးပြီး အပင်ဖြစ်ထွန်းချိန် မိုးဖွဲဖွဲရွာက ပိုမိုဖြစ်ထွန်းပါသည်။
မြေအမျိုးအစား
- သဲနုန်းမြေတွင်မြေဆွေးပါဝင်မှုများသင့်ပါသည်။(အရွက်အရည်အသွေးနှင့်အထွက်နှုန်းများ ကောင်းမွန်စေပါသည်။)
- အမြစ်ကြီးထွားမှု ကောင်းရန် မြေသားထုနက်၍ ပွနေရပါမည်။
- မြေ၏ ချဉ်ငန်ကိန်း pH 5.5 – pH6.7 တွင် ပိုမို ဖြစ်ထွန်းပါသည်။
စိုက်ပျိုးရန် အချိန်
- စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း စိုက်နိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။
- ဇန်နဝါရီ၊ ဖေဖော်ဝါရီလများတွင် အအေးဓာတ်ရှိနေသေးပါက စိုက်ပျိုးနိုင်ပါသည်။
မြေပြုပြင်ခြင်း
- အပင်မစိုက်ခင် စနစ်တကျမြေပြင်ရန် အရေးကြီးပေသည်။
- မုန်လာဥနီပင်နှင့် တရုတ်နံနံပင်၂ မျိုးလုံးအတွက် အောက်ပါအတိုင်း ဆောင်ရွက်နိုင်ပါသည်။
လိုအပ်သော ကိရိယာများ
- (၁) ထွန်ခြစ်
- (၂) ပေါက်ပြား
- (၃) ရေပုံး
- (၄) ရေခွက်
- (၅) ဂေါ်ပြား
- (၆) ကြိုး
- (၇) တိတ်ခွေ
- (၈) မြေဆွေး
ပြုပြင်ပုံ
- ဥများ၊ အမြစ်များ မြေကြီးထဲတွင် ကြီးထွားမှု ကောင်းစေရန် စိုက်ခင်းမြေအား ပွနေရန် ပြုပြင်ပါ။
- မြေဘောင်တင်စိုက်ခြင်းအား အလျား ၁၅ ပေ ၊ အနံ ၄ ပေ၊ အမြင့် ၈ လက်မ ထားပါ။
- မြေဘောင်နှစ်ခုကြား အကျယ်၂ ပေ ထားပါ။ စိုက်ခင်းပြုစုရလွယ်ကူသည်။
- မြေဘောင်မျက်နှာပြင် ညီညာအောင်ညှိပါ။
- သဘာဝမြေဩဇာများ ထည့်ပေးပါ။ (သက်ဆိုင်ရာ ခေါင်းစဉ်တွင် အသေးစိတ်ဖော်ပြပါသည်။)
မျိုးစေ့နှုန်း၊ မြေဩဇာနှုန်း (တစ်ဧက)
- ဥနီစိုက်ပျိုးရန်အတွက်လည်းကောင်း တရုတ်နံနံစိုက်ပျိုးရန်အတွက်လည်းကောင်း အထက်တွင် ပြဆို ခဲ့သည့်အတိုင်းပြင်ဆင်ရပါမည်။
- မုန်လာဥနီ မျိုးစေ့ ၃ ပေါင်နှုန်း ၊ တရုတ်နံနံ မျိုးစေ့ ၄ ပြည် မှ ၆ ပြည်နှုန်း
- မျိုးစေ့သည်ဒေသရေ၊မြေ၊ ရာသီဥတုနှင့်ကိုက်ညီပြီးသန့်စင်ရမည်၊ စစ်မှန်ရမည်၊ပိုးမွှား/ရောဂါ ကင်းစင်ရမည်။
- မျိုးစေ့များသည် ကြာရှည်သိမ်းဆည်းထားလျှင် သို့မဟုတ် ထုပ်ပိုးထားမှုမမှန်လျှင် အပင်ပေါက် နှုန်း ကျဆင်းလွယ်သည်။ မိမိစိုက်လိုသည့် အချိန်မတိုင်မီ မျိုးစေ့ကို ကြိုတင်ဝယ်ယူပြီးအပင် ပေါက်နှုန်းစမ်းသပ်ထားသင့်သည်။ အပင်ပေါက်နှုန်းကောင်းသော မျိုး ၈၀ ရာခိုင်နှုန်းနှင့်အထက် စိုက်သင့်သည်။
- ကောင်းစွာဆွေးမြေ့သော မြေဩဇာနှုန်း၊ ခြောက်သွေ့သော နွားချေး/မြေဆွေး/ဘိုကာရှီမြေဆွေးလှည်း ၁၀စီး မှ ၁၅ စီးထည့်ပေးပါ။
ဓာတ်မြေဩဇာ (မြေညံ့လျှင် သုံးလိုပါက)
- မုန်လာဥနီအတွက် ယူရီးယား ၂ဝဝ ပေါင်၊ တီစူပါ ၁၂ဝ ပေါင်၊ ပိုတက် ၁၀၀ ပေါင် နှုန်းထည့်ပါ။
- တရုတ်နံနံအတွက် ယူရီးယား ၂၄ ပေါင် ၊ တီစူပါ ၁၁၂ ပေါင်၊ ပိုတက် ၅၆ ပေါင် သုံးပါ။ အော်ဂဲနစ်စိုက်ပျိုးရေးတွင်ဓာတ်မြေဩဇာများ ဖြစ်ကြသော ယူရီးယား၊ တီစူပါ၊ ပိုတက်တို့ကို မသုံးရပါ။
- မျိုးစေ့နှင့် မြေဩဇာများကို မိမိစိုက်ဘောင်၏ ဧရိယာအရ ၁ ဧက(၄၃၅၆၀ စတုရန်းပေ)ဧရိယာ ပေါ်တွင် မူတည်၍ တွက်ချက်ပါ။
စိုက်ပျိုးနည်း
- ပူ၍ ခြောက်သွေ့ချိန်စိုက်က လွယ်ကူစွာ အပင်မပေါက်ပါ။ ပေါက်လာလျှင်လည်း အပင်မသန်ပါ။
- စိုက်ချိန်အတွင်း မြေတွင်းအစိုဓါတ်အပြည့်အဝရှိပါစေ။
- မုန်လာဥနီ-စိုက်တန်းကြောင်းများအား ၁ ပေ ကွာဆွဲပါ။ စိုက်တန်းကြောင်းများအတွင်း မျိုးစေ့ အား စိပ်စိပ်ချပါ။ အပင်ဦးရေ ပိုဝင်သဖြင့်အထွက် ပိုစေသည်။
- တရုတ်နံနံ-စိုက်တန်းကြောင်းများအား ၆ လက်မကွာဆွဲပါ။ စိုက်တန်းကြောင်းများအတွင်း မျိုး စေ့များအား ၄လက်မကွာ ထည့်ပေးပါ။ မျိုးစေ့ကို မြေတွင်းသို့ နက်နက်မချရ။ မြေအပေါ်ရံ လက်မဝက်အတွင်းသာ ချရမည်။ တရုတ်နံနံပင်အမြစ်များသည် မြေလွှာ၏ အပေါ် ရံတွင်သာရှိ ပြီး ယင်းနေရာမှ မြေတွင်းရှိ အာဟာရဓာတ်များအား စုပ်ယူရသည်။
- မျိုးစေ့နှင့် မြေသားကောင်းစွာ ထိတွေ့ပါစေ။
မြေဩဇာကျွေးနည်း
သီးနှံ ၂ ခုလုံးအတွက် နွားချေးမြေဆွေး၊ ဘိုကာရှီမြေဆွေးများကို စိုက်ခင်းမြေပြုပြင်ချိန် တွင် ထည့်ပေးပါ။ ဓာတ်မြေဩဇာများ။
(က) မုန်လာဥနီ (၁ ဧက)
ယူရီးယားကို စိုက်ခင်းမြေပြုပြင်ချိန်တွင် ပေါင် ၈၀၊ အရွက်၃ရွက်မှ ၅ရွက် ထွက်ချိန် တွင် ပေါင် ၃၀၊ အမြစ် (၉) စတင် ဖွံ့ဖြိုးချိန်တွင် ပေါင် ၅၀နှင့် အပင်ကောင်းစွာ ကြီးထွားချိန် တွင် ပေါင် ၄ဝ အသီးသီး ကျွေးပေးပါ။ တီစူပါကို စိုက်ခင်းမြေပြုပြင်ချိန်တွင် အားလုံးထည့် ပေးပါ။ ပိုတက်ကို စိုက်ခင်းမြေ ပြုပြင်ချိန်တွင် ပေါင် ၆ဝ၊ အမြစ် (ဥ) စတင် ဖွံ့ဖြိုးချိန်တွင် ပေါင် ၄ဝ အသီးသီးထည့်ပေးပါ။
(ခ) တရုတ်နံနံ
ယူရီးယား၊ တီစူပါ၊ ပိုတက် ဓာတ်မြေဩဇာအားလုံးကိုစိုက်ခင်းမြေပြုပြင်ချိန်တွင်ထည့်ပေးပါ။
စိုက်ခင်းပြုစုခြင်း
- မျိုးစေ့ချ၊ မြေဖုံးပေးပြီးက ဖြတ်ထားသော ကောက်ရိုးစများ၊ မြက်ခြောက်များဖြင့် စိုက်တန်း များအကြား ဖုံးပေးပါ။ မြေဖုံးပေးခြင်းဖြင့် မြေတွင်းအစိုဓာတ်ထိန်းပေးသည်၊
- အပင်ပေါက်နှုန်းကောင်းစေသည်။
- မိုးရေစက်များရိုက်ခတ်မှုမှ ကာကွယ်ပေးသည်။ မျိုးစေ့များအဝေးသို့လွင့်ပါမသွားပါ။
- အပင်ငယ်ကလေးများ မြေပေါ်သို့ထွက်ပေါ်လာပါက ကောက်ရိုးဖြတ် အရှည်များအား ဖယ်ရှား ပေးနိုင်သည်။
- တစ်ပင်နှင့်တစ်ပင် ၃ လက်မ မှ ၄ အကွာထား၍ အပင်အမြင့် ၄ လက်မမှ ၅ လက်မ အရွယ်တွင် အပင်သေ၊ ပုံပျက်၊ ကျုံလှီနေသောအပင်ငယ်များနှုတ်ပစ်ပါ။နှုတ်ချိန်တွင်မြေတွင်ကျန်ရှိခဲ့သောအပင်များအား ထိခိုက်မှုမရှိစေရ။
- အပင်ငယ်စဉ်မှစ၍ စိုက်တန်းများအကြား ပေါင်းသင်၊ မြေဆွခြင်း ပုံမှန်ပြုလုပ်ပေးပါ။
- ဆောင်းရာသီ အစိုဓာတ် ပြတ်က ၄ မှ ၅ ရက် တစ်ကြိမ် ရေမှန်မှန်လောင်းပေးပါ။ ရေပေးမလွန် စေရ၊ ရေမဝပ်စေရ။အမြစ်များပုတ်တတ်၊ အပင်နာတတ်ပါသည်။
- ပိုးမွှားရောဂါ ကျရောက်ဖျက်ဆီးမှု နည်းပါးသည်။ သို့သော် စိုက်ခင်းသန့်ရှင်းရေး အမြဲပြုလုပ်ပေးပါ။
- မုန်လာဥနီကို မြေပေါ်သို့ ပေါ်မလာစေရန် ဂရုစိုက်ပါ။ ပေါ်လာကမြေသားဖြင့် ဖုံးပေးပါ။
ကျရောက်တတ်သော ပိုးမွှားများနှင့် ရောဂါများ
- ပိုးမွှားများနှင့် ရောဂါများသည် လူသားများကဲ့သို့ပင် သက်ရှိပစ္စည်းများဖြစ်ကြပါသည်။ ယင်းတို့ တွင် အင်းဆက်ပိုးကောင်များ၊ ဖျက်ကောင်မှိုများ၊ ဘက်တီးရီးယားများ၊ ဗိုင်းရပ်(စ်)များ၊ နီမ တုတ်များ၊ ကြွက်များ ပါဝင်ပါသည်။
- မုန်လာဥနီနှင့် တရုတ်နံနံတို့တွင် ပိုးမွှားရောဂါ ကျရောက်ဖျက်ဆီးမှု နည်းပါးသည်။
- သို့ရာတွင် အခြားဟင်းသီးဟင်းရွက်များတွင် ကျရောက်တတ်သော ပိုးမွှားရောဂါများကို အကျဉ်း ချုပ်ဖော်ပြအပ်ပါသည်။
ပိုးမွှားနှင့်ရောဂါများ
- ပြောင်းဖူးပင်စည်ထိုးပိုး(Maize Stalk Borer)
- ပဲသီးအတောင့်ထိုးပိုးအကောင်ကြီး(American Bollworm)
- ခရမ်းပင်ရွက်စားကျိုင်းကောင်း(Vegetarian Ladybird)
- ပြောင်းဖူးစေ့ထိုးပိုး(Mazie Weevil)
- ပဲသီးအတောင့်ထိုးပိုး လောက်ကောင်(American Bollworm)
- ပိန်းဥ ဥထိုးပိုးကျိုင်းကောင်(Yam Beetle)
- ပဲပင်ဖျက် ယင်ကောင်(Bean Fly)
- ပဲစေ့ထိုးပိုး(Bean Brunchid)
- ရှောက် ၊ သံပုရာ ရွက်စားလိပ်ပြာ(Citrus Swallowtail)
- ခရမ်းချဉ်သီးအသီးပုပ်ရောဂါ(Tomato Blossom End Rot Disease)
ပိုးမွှား၊ ရောဂါများအား ထိရောက်သော ကာကွယ်နည်းများ
- မြေဆီလွှာ၊ ရေ၊ အလင်းရောင်ရရှိမှုတို့နှင့် ကိုက်ညီသည့် အပင်များအား ရွေးချယ်စိုက်ပျိုးပါ။
- အပင်များကို အစာကျွေးပါ၊ သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာများ အချိန်မှန်၊ နှုန်းထားမှန်ထည့်ပါ။
- အပင်များရှင်သန်ကြီးထွားမှုကောင်းလျှင် ပိုးမွှား၊ ရောဂါအလွယ်တကူ မကျရောက်နိုင်ပါ။
- သီးနှံပင်အချင်းချင်းနေရာ၊ အစိုဓာတ်၊ အလင်းရောင်၊ အာဟာရဓာတ်စုပ်ယူမှုယှဉ်ပြိုင်မှုနည်းပါ စေ။ သတ်မှတ် အတန်းအကွာအဝေး၊ အပင်အကွာအဝေးများအရ စိုက်ပျိုးပါ။
- သီးနှံပင်များအား လေပြင်းတိုက်ခြင်း၊ ရာသီအလိုက် ခြောက်သွေ့လေတိုက်ခြင်းများမှ ကာကွယ် ပါ။ ခြံစည်းရိုးပင်များ ဥပမာ ဘောစကိုင်း၊ ပဲစင်းငုံပင်များ စိုက်ပျိုးပါ။
- သီးနှံတစ်မျိုးထည်းအား အကွက်ကျယ်ကျယ်တွင် စိုက်ခြင်းမပြုရပါ။ သီးညှပ်စိုက်ပါ။
- စင်တင်စိုက်၍ ရသော သီးနှံများအား စင်တင်စိုက်ပျိုးပါ။ ရောဂါများ မပျံ့ပွားနိုင်ပါ။
- လက်လုပ်နည်းများဖြင့် ကာကွယ်ပါ။ စိုက်ခင်းသန့်ရှင်းရေးအမြဲဆောင်ရွက်ပါ။ မျိုးမတူသီးနှံများ အား အလှည့်ကျစိုက်ပါ။
- အကျိုးပြုမိတ်ဆွေအကောင်များအား ကာကွယ်ထိန်းသိမ်းပါ။
အခြားပိုးမွှားနှင့် ရောဂါများ
- အာလူးပျော့ပုတ် ဘက်တီးရီးယားရောဂါ (Potato Black Soft Bacteria Disease)
- အာလူးပင်ဝိုင်ဗိုင်းရပ်စ်ရောဂါ(Potato Y Virus Disease)
- အာလူးဥမြစ်ဖုနီမတုတ်ရောဂါ(Potato Root-knot Nematode Disease)
- ကြွက် (Rodent)
- အာလူးခြေမည်းဘက်တီးရီးယားရောဂါ(Potato Black Bacteria Soft Disease)
- အားလူးရွက်လိပ် ဗိုင်းရပ်စ်ရောဂါ (Potato Leaf Roll Virus Disease (PLRV)
ဓာတုပိုးသတ်ဆေးများ သုံးခဲ့သော်
Agriculဓာတုပိုးသတ်ဆေးများသည် သီးနှံဖျက်ပိုးများကို သေသော၊ (သို့မဟုတ်) မျိုးပေါက်ပွား မှု၊ လှုပ်ရှားမှု၊ စားသောက်ဖျက်ဆီးမှုများကို ထိန်းချုပ်သော ဓာတုပစ္စည်းများဖြစ်ကြပါသည်။ ယင်း တို့သည် ဘေးအန္တရာယ် ဖြစ်စေနိုင်သဖြင့် မလွှဲမရှောင်သာသောအခါ၊ ပိုးမွှားရောဂါများ ပြင်းထန်စွာ ကျရောက်သောအခါများတွင် အသုံးပြုပါ။ ဓာတုပိုးသတ်ဆေးများအား နှိမ်နင်းကာကွယ်နိုင်သော ပိုး များအလိုက် အောက်ပါအတိုင်း ခွဲခြားထားပါသည်။
- အင်းဆက်ပိုးသတ်ဆေး - ဥပမာ ဆူမီသီယွန်၊ ဒီဆစ်၊ ဆူမီဆီဒင်၊ ဂေါ်ချို (မျိုးစေ့လူးနယ်)၊ လာ ဆတ် (မျိုးစေ့လူးနယ်)
- မှိုသတ်ဆေး - ဥပမာ ရီဒိုမေးလ်၊ ဟိုမိုင်း၊ တော့ပ်ဆင်၊ ကာဆူမင်၊
- ဘက်တီးရီးယားသတ်ဆေး - ဥပမာ ကိုဆိုဒ်
- ဗိုင်းရပ်စ်သတ်ဆေး
- ကြွက်သတ်ဆေး- ဥပမာ ဇင့်ဖေါ့စဖိုဒ်၊ တိုမိုရင်
- ပေါင်းသတ်ဆေး- ဥပမာ ဂလိုင်ဖိုဆိတ်၊ တူးဖိုးဒီ၊ပါရာကွဒ်
- နီမတုတ်သတ်ဆေး - ဥပမာ ဖျူရာဒန်၊ ဒိုင်ယာဇီနွန်၊ ဘာဆူဒင် (အားလုံးမြေပြင်ချိန်တွင် မြေထဲသို့ ထည့်ပေးရသည်)
နှုတ်ယူခြင်းနှင့် တစ်ဧကအထွက်နှုန်း
မုန်လာဥနီနှင့် တရုတ်နံနံပင်များအပါအဝင် ဟင်းသီးဟင်းရွက်များသည် ရေပါဝင်မှုများပြား သဖြင့် အခြား သီးနှံများနှင့် နှိုင်းယှဉ်လျှင် ပျက်စီးလွယ်ပါသည်။ ပို့ဆောင်ရောင်းချမည့်ဒေသအကွာ အဝေးနှင့်၊ ဈေးနှုန်း တည်ငြိမ်စေရန်ချိန်ဆဆွတ်ခူး၊ နှုတ်သိမ်းရသည်။
(က) မုန်လာဥနီ သက်လျင်မျိုးများအား (သက်တမ်းတိုမျိုး) ရက် ၉၀ မှ ရက်
- မျိုးများအား ၁၂ဝ ရက်အကြာတွင် နှုတ်ယူနိုင်ပါသည်။ ၁၀၀၊ သက်လတ်
- နှုတ်ယူရာတွင် အချိန်တိုင်း ထိခိုက်မှုမရှိအောင် ဆောင်ရွက်ပါ။ ဘောင်ဖြင့် စိုက်ပါက ကျင်းတူးစိုက်သည်ထက် ထိခိုက်မှု လျော့နည်းစေသည်။
- အေးပြီး မစိုစွတ်သော အချိန်တွင် နှုတ်ပါ။ နံနက်ပိုင်း ဦးစားပေးနှုတ်ပါ။
- ဥအား မနှုတ်မှီ ရေအနည်းငယ်/ပါးပါး သွင်းပေးရပါမည်။
- ဥဖော်ပြီး ခဏအကြာတွင် ရေဖြင့် ဆေးပါက အရောင်တောက်ပြောင်နိုင်သည်။
- ဥတွင် ကပ်နေသော မြေသားများ ခြောက်ပြီးမှ ရေဆေးပါက ဥအရောင် မကောင်း နိုင်ပါ။
- ရာသီဥတုနှင့် မြေအမျိုးအစားပေါ်မူတည်၍၊ ၁ဧကမှ အထွက်နှုန်း ၄ဝ ဝပိဿာ မှ ၅၀ဝ ပိဿာ ထွက်ရှိနိုင်ပါသည်။
(ခ) တရုတ်နံနံ
- အရွက်ရောင်းလိုပါက အပင်ပေါက်လာအပြီး၂ လ တွင်စတင်ဆွတ်ခူးရောင်းချ နိုင်သည်။
- ၁ ဧက မှ အထွက်နှုန်း၄၀၀ပိဿာ မှ ၅၀ဝ ပိဿာ ထွက်ရှိနိုင်ပါသည်။
သိုလှောင်ခြင်း
စားသုံး၍ ပိုလျှံသည်များကို ဈေးကွက်သို့ မပို့မှီ သိုလှောင်ထားလိုပါက အောက်ပါအတိုင်း ဆောင်ရွက်ပါ။
(က) မုန်လာဥနီ
ဥ အခွံထူပါက ပါးသောမျိုးထက် ကြာရှည်သိုလှောင်နိုင်ပါသည်။ သိုလှောင်စဉ် အရွက်များကို ဖယ်ပစ်ပါ။ သန့်ရှင်းအောင် ဆေးကြောပါ။ မြေ ကြီးပေါ်မထားရ။
အရိပ်ရသောနေရာတွင် ထားပါ။ အေးသော နေရာမှာ သိုလှောင်ပါ။ သိုလှောင် ခန်းသည် စိုထိုင်း ဆ ၉၃% မှ ၉၈ % နှင့် အပူချိန် ၃၂ ဖာရင်ဟိုက်ရှိပါက ၆ လခန့် သိုလှောင်နိုင်ပါသည်။
နေပူရောင်အောက်တွင် မထားပါနှင့်။ သကြားဓာတ်ပါဝင်မှု လျော့တတ်ပါသည်။
(ခ) တရုတ်နံနံ
- များသောအားဖြင့် သိုလှောင်ခြင်းမပြုကြပါ။
- အကယ်၍ သိုလှောင်လိုပါက သိုလှောင်ခန်းသည် စိုထိုင်းဆ ၉၂% မှ ၉၅ % နှင့် အပူချိန် ၃၂ ဖာရင်ဟိုက်ရှိပါက၂ လခန့် သိုလှောင်နိုင်ပါသည်။
ရောင်းချခြင်း
(က) မုန်လာဥနီနှင့် တရုတ်နံနံ
- ဈေးကွက်သို့လတ်လတ်ဆတ်ဆတ်ရောက်ရှိစေသင့်သည်။ စိုက်ခင်းမှ နှုတ်ပြီးပြီးချင်း ဈေးကွက်သို့ မြန်မြန် ပို့ပါ။
- နှုတ်ယူသော အပင်များ အစိုဓာတ်ခမ်းခြောက်ခြင်းသည် အဓိကပြဿနာဖြစ် သည်။ နံနက်စောစော ခူးပါ။ အအေးဓာတ်ရှိရာတွင် သိမ်းပါ။
- သယ်ယူပို့ဆောင်ရာတွင် ထွက်ကုန်အားလုံးကို အမိုးလုံအောင် ဖုံးပါ။ ကြမ်းတမ်းစွာ ကိုင်တွယ်ခြင်း မပြုရပါ။ ပျက်စီးမှုမှ ကာကွယ်ပါ။
(ခ) မုန်လာဥနီ
အရွယ်အစားနှင့် အရောင်အဆင်း ပေါ်မူတည်ပြီး အဆင့်အတန်းခွဲခြားရောင်းချသင့်ပါသည်။ ပျက်စီးဥများကိုပယ်ပါ။ ယင်းတို့သည် ဥအားလုံးအပေါ်တွင် တန်ဖိုးကျစေသကဲ့သို့ အပင်ရောဂါများ ကူးစက်မှု၏ အခြေခံလည်း ဖြစ်စေသည်။
မျိုးစေ့ထုတ်ခြင်း
- မုန်လာဥနီနှင့် တရုတ်နံနံပင်များအပါအဝင် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးထုတ်လုပ်စားသုံး ရောင်းချ ရန် စိုက်ပျိုးထုတ်လုပ်ခြင်းနှင့်၊ မျိုးစေ့ထုတ်ရန် စိုက်ပျိုးခြင်းဟူ၍ ကွာခြားမှုရှိပါသည်။
- မျိုးကောင်းမျိုးသန့်သော မျိုးစေ့များ စိုက်ပျိုးနိုင်ရန် မိမိကိုယ်တိုင်မျိုးစေ့ထုတ်သင့်ပါသည်။ မျို စေ့များကောင်းမှ၊ သန့်မှ အထွက်ကောင်းပါမည်၊ ပိုးမွှားရောဂါ ဖျက်ဆီးခံရမှုနည်းပါးပြီး၊ ပိုး သတ်ဆေး၊ ရောဂါသတ်ဆေးများ အသုံးမပြုရသဖြင့် ကုန်ကျစရိတ်သက်သာစေသကဲ့သို့ ပတ် ဝန်းကျင်ထိခိုက်မှုကို လည်းလျော့နည်းစေပါမည်။ ထိုပြင် ထည့်ပေးသော မြေဩဇာများကို လည်း အပြည့်အဝစားသုံးနိုင်သဖြင့် သီးနှံများကြီးထွားသန်စွမ်းကာ အထွက်တိုး၊ အရည်အသွေး ကောင်းစေပါမည်။
- မျိုးကောင်းမျိုးသန့်မျိုးစေ့ထုတ်လုပ်ရန် သင့်လျော်သော မြေ၊ ရာသီဥတု၊ ပိုးမွှားရောဂါကျရောက် မှု မရှိသော နေရာများကို ရွေးချယ်ရပါသည်။ မျိုးစေ့အတွက် ရိတ်သိမ်းခြင်း၊ ချွေလှေ့သန့်စင် ခြင်း၊ နေလှန်းခြင်း၊ ထုပ်ပိုးခြင်း၊ သိုလှောင်ခြင်းစသော လုပ်ငန်းများကို သီးသန့်လုပ်ဆောင်ရ သဖြင့် ကျွမ်းကျင်မှုရှိရန် လိုအပ်ပါသည်။
(က) မုန်လာဥနီ မျိုးစေ့ထုတ်နည်း
#မုန်လာဥနီ မျိုးစေ့ထုတ်ရာတွင် အောက်ပါအတိုင်း ဆောင်ရွက်ရပါသည်။
- မျိုးကွဲများနှင့် ဝတ်မှုံကူးမှု မဖြစ်ပေါ်စေရန် အခြားသီးနှံတူစိုက်ခင်းများနှင့် ၂၄ဝဝ ကွာခြား၍ မျိုးစေ့ထုတ် စိုက်ခင်းအဖြစ် ရွေးချယ်ဆောင်ရွက်ပါ။
- စိုက်ခင်းများတွင် အောက်တိုဘာလဆန်းတွင် မျိုးစေ့ချစိုက်ပါက၊ မျိုးကို လိုက်၍ ဇန်နဝါရီလဆန်းတွင် ဥများကို တူးဖော်နိုင်ပါသည်။
- ၁ဧကမုန်လာဥနီစိုက်ခင်းမှ ဥများကို မျိုးစေ့ထုတ်ရန် ပြန်စိုက်ပါက ၅ မှ ၆ ဧက စာ ပြန်စိုက်ပျိုးနိုင်ပါသည်။
- မျိုးအတွက် မစိုက်မှီ ဥများကို ဥကွဲ၊ ဥပျက်များ ဖယ်ထုတ်ပြီးမှ ရွေးချယ်ပါ။
- အရောင်ရင့်၍၊ အမြစ်မွှေးနှင့် အတက်များမရှိသည့် ဥများကိုရွေးချယ်စိုက်ပျိုးပါ။
- ဥတွင် ပါဝင်သော အရွက်များကို ၂ လက်မမှ ၃ လက်မချန်၍ ဖြတ်ပစ်ပါ။
- မျိုးစေထုတ် မြေကွက်တွင် ၁ဧကလျှင် နွားချေးဆွေးလှည်း ၅၀ မှ ၈၀ စီး ခန့်ချပေး ရသည်။ ဓာတ်မြေဩဇာသုံးပါက ၁ ဧကလျှင် တီစူပါ ၅ဝ ပေါင်နှုန်းထည့်ပေးပါ။ ထယ်ရေးနက်နက်ရအောင် မြေပြုပြင်ပါ။
- စိတ်ကြိုက်ရွေးချယ်ထားသော ဥများကို တန်းကြား ၂.၅ ပေ မှ ၃ ပေ၊ ပင်ကြား ၁၄ လက်မမှ ၂၀ လက်မ အကွာထား၍ တည့်မတ်စွာ စိုက်ပါ။
- ၁ ဧကလျှင် ယူရီးယား၂ဝ ပေါင်နှုန်းကို စိုက်ပြီး၂၀ ရက်သား၊ စိုက်ပြီး ၄ဝ ရက်သား နှင့် ပန်းပွင့်ချိန် အသီးသီးတို့တွင် ၃ ကြိမ်ခွဲ၍ အပင်ဘေးမှ ထည့်ပေးပါ။ မြေတွင် အစိုဓာတ်လောတော်ရှိနေပါစေ။
- မြေသြဇာကျွေးသည့်အခါတိုင်း ပေါင်းမြက်ရှင်း၍၊ မြေတောင်မြှောက်ပေးရပါသည်။
- အပင်ကိုင်းများ လွယ်ကူစွာကျိုးတတ်ခြင်း၊ ကိုင်းရှည်လာလျှင် မြေပေါ်သို့ ယိုင်လဲ တတ်ခြင်းများကြောင့် အပင်ဘေးတွင် တိုင်စိုက်ကြိုးသိုင်းပေးထားရပါသည်။
- အပင်အများစု၏ လက္ခဏာနှင့် ကွဲပြားသော မျိုးကွဲပုံစံများ တွေ့ရပါက အခါအား လျော်စွာ နှုတ်ပယ်ဖယ်ရှားပါ
- ပန်းပွင့်ပြီး ရက်၃၀မှ ရက်၄၀အတွင်း အပင်ကိုင်းများ ညိုဝါရောင်သန်းလာလျှင် အကောင်းဆုံးအပင်များမှ အကောင်းဆုံးအပွင့်များအား ရွေးချယ်ခူးဆွတ်၍ ရသည်။ ခူးပြီး အပွင့်များကို အရိပ်အောက်တွင် ၅ရက်မှ ၇ ရက်ကြာ လှန်းပေးရသည်။ ထို့ နောက် သံဆန်ခါကွက်ပေါ်တင်၍ အပွင့်ကို အောက်ဖက်မှောက်ပြီး ပွတ်တိုက်ပါက အစေ့များ ထွက်လာပါမည်။ ထွက်လာသော အစေ့များအား ရိုးတံ၊ အမှိုက်၊ အကျိုး အကြေများ ကင်းစင် အောင်ဆန်ကောဖြင့် ပြာတီးပစ်ရသည်။
- မျိုးစေ့ထုတ်စိုက်ခင်း ၁ ဧကမှ မျိုးစေ့ ၁ဝ တင်းမှ မှ ၁၅ တင်း ရရှိနိုင်ပါသည်။
(ခ) တရုတ်နံနံ မျိုးစေ့ထုတ်နည်း
- #တရုတ်နံနံပင်များကို စိုက်ခင်းထဲတွင် နှုတ်ယူခြင်းမပြုဘဲ ဆက်လက်ထားရှိပါက ပန်းပွင့် ပြီးနောက်ပိုင်းတွင် အစေ့တည်လာပါမည်။
- အစေ့များ ကောင်းစွာ ရင့်မှည့်က ပန်းပွင့်များကို ဆွတ်ခူး၍ ၂ရက်မှ ၃ရက်ခန့်နေလှန်းပါ။
- ထိုနောက် အစေ့များကို လက်ဖြင့် ချွေပြီး အဖျင်းအမှော်များကင်းစပ်အောင် ဆန် ကော ဖြင့် ပြာတီးသန့်စင်ပါ။
- ကောင်းစွာခြောက်သွေ့သော အစေ့များကို လေလုံသော ဗူးများတွင် ထည့်၍၊ အဖုံးလုံ အောင်ပိတ်ကာ သိုလှောင်သိမ်းဆည်းပါ။
- မျိုးစေ့ထုတ် တရုတ်နံနံ ၁ ဧကမှ မျိုးစေ့ ၅တင်း မှ ၁ဝတင်းခန့်ရရှိနိုင်ပါသည်။
ဆက်စပ်သော ရုပ်ပုံများ
- ရှင်သန်မှုကောင်းသော မုန်လာဥနီစိုက်ခင်း
- ရှင်သန်မှုကောင်းသော တရုတ်နံနံစိုက်ခင်း
- စိုက်ခင်းမြေအား ပွနေရန် ပြုပြင်ပါ။
- သဘာဝမြေဩဇာ များများထည့်ပေးပါ
- သဘာဝမြေဩဇာနှင့် စိုက်ခင်းမြေ သမအောင် မွှေပါ။
- စိုက်တန်းအကွာအဝေးမှန်ကန်ပါစေ
- ဖြေးညှင်းစွာ ရေလောင်းပေးပါ။
- အီးအမ်ဘိုကာရှီမြေဆွေးသုံးပါ
- မျိုးစေ့ချရန်စိုက်ကြောင်း တိမ်တိမ်ဆွဲပါ
- မျိုးစေ့များ မစိုက်မီ ၁၂ နာရီခန့် ကြိုတင်ရေစိမ်ပေးပါက အပင်ပေါက်နှုန်းပိုကောင်းစေပါသည်။
ရည်ညွှန်းစာများ
- စိုက်ပျိုးနည်းစနစ်လက်စွဲစာစောင်၊ ရေရှည်တည်တံ့သော စိုက်ပျိုးရေးနည်းစနစ်များအတွက် အထောက် အကူပြုလက်စွဲနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ တန်ဘိုးမြှင့်တင်နိုင်ရန်အတွက် အလားအလာကောင်း များ၊ SAD, Saung Saee, MFT
- ဟင်းသီးဟင်းရွက် စိုက်ပျိုးနည်း အတတ်ပညာ၊ လယ်ယာစိုက်ပျိုးရေးကော်ပိုရေးရှင်း၊ ၁၉၈၅ ခုနှစ်
- ဟင်းသီးဟင်းရွက် စိုက်ပျိုးနည်း၊ စိုက်ပျိုးပညာပေးရေးဌာနခွဲ၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ ၂ဝဝ၆ ခုနှစ်
- ရွှေရည်လင်း၊ တရုတ်နံနံစိုက်ပျိုးနည်း၊ အင်တာနက်
- ကိုရဲ (စိုက်ပျိုးေရး)၊ မျိုးကောင်း မျိုးသန့် မျိုးစေ့ ရွေးချယ်စိုက်ပျိုးပါ။ စိုက်ပျိုးရေးရာအကြံပြုချက်များ (၂)၊ မြန်မာတောင်သူဦးကြီးဂျာနယ်၊ ၂၀၁၈ ခုနှစ်၊ မတ်လ။
- Field Guide on irrigated Agriculture for Field Assistants, IPYRID, 2001