မြန်မာလို ပါဌ်ဆင့် စာလုံးတွေ ဘယ်လို ရိုက်ရသလဲ?

တို့ထိလို့ ရတဲ့ ဖန်သားပြင်ပါတဲ့ smart phone တွေကို စသုံးပြီဆိုတာနဲ့၊ ဒစ်ဂျစ်တယ် မြန်မာစာကို ဖုန်းပေါ်မှာ သုံးဖြစ်ကြပါတယ်။ အဲဒီအချိန်မှာ မြန်မာတိုင်းအတွက် အခက်အခဲ ဖြစ်တတ်တာကတော့ "မြန်မာလို ပါဌ်ဆင့် စာလုံးတွေ ဘယ်လို ရိုက်ရသလဲ?" ဆိုတဲ့ ပြဿနာ တစ်ခုပဲ ဖြစ်ပါတယ်။   #LGTmyanmar, #BBKmyanmar
 
အင်တာနက် မသုံးတဲ့ အချိန်တွေမှာတောင် ဖုန်းမှာ လူနာမည်တစ်ခု သိမ်းရတဲ့ အခါမျိုး၊ ရှာရတဲ့ အခါမျိုးမှာတောင် ပါဠိလို ပါဌ်ဆင့် စာလုံးတွေ ရိုက်စရာ လိုတတ်တာ မကြာခဏ ကြုံရတတ်ပါတယ်။ 
ဥပမာ- စက္က၊ အဂ္ဂ၊ သစ္စာ၊ စန္ဒာ၊ စန္ဒီ၊ ဣန္ဒြေ၊ သိပ္ပ၊ ဥမ္မာ
 
မခက်ပါဘူး။ ယူနီကုဒ်သုံးရင် မြန်မာလို စာ‌ရေးတတ်တဲ့ လူတိုင်း ဖုန်းမှာ/ ကွန်ပျူတာမှာ မြန်မာလို ရိုက်တတ်ကြပါတယ်။ မှတ်ထားဘို့လေး တစ်ခုပဲ လိုပါတယ်။ 

လက်နဲ့ ရေးတဲ့အတိုင်း (လက်နဲ့ ရေးတဲ့ အစီအစဉ်အတိုင်း) ရိုက်သွားဘို့ပဲ ဖြစ်ပါတယ်။ လွယ်ချင်ရင် ပါးစပ်က အသံထွက်ပြီး လိုက်ရိုက်ကြည့်ပါ။ ပါဌ်ဆင့် ရိုက်ချင်တဲ့အခါတိုင်း "မမြင်ရတဲ့အသတ်" လေးကို နှိပ်ဘို့ပဲ ဖြစ်ပါတယ်။ 
 
မြင်ရတဲ့ အသတ် စာလုံး‌က  ် သို့မဟုတ် နေရာမှာ ရှိပါတယ်။
မမြင်ရတဲ့ အသတ် ဆိုတဲ့ ခလုတ်လေးက "shift+်" သို့မဟုတ် shift+F နေရာမှာ ရှိပါတယ်။
 
ဥပမာ- #စက္ကူ ဆိုတဲ့ စာလုံးကို ရိုက်ချင်ရင်...
စ+က+္ + က+ူ  = စက္ကူ 

စ+က+် + က+ူ  = စက်ကူ 
 
 
ဥပမာ- #ဗုဒ္ဓ ဆိုတဲ့ စာလုံးကို ရိုက်ချင်ရင်...
ဗ+ု+ဒ+္+ဓ = ဗုဒ္ဓ 

ဗ+ု+ဒ+်+ဓ = ဗုဒ်ဓ 

  
ကဲ... ဒီဗီဒီယိုလေးမှာ မြန်မာ ပါဌ်ဆင့် ပါဠိစာလုံးတွေကို အဆင့်ဆင့် ရိုက်ပုံကို တစ်ခုပြီးတစ်ခု ရိုက်ပြသွားတာကို လေ့လာလိုက်ရအောင်ဗျာ။ ဒီဗီဒီယို အပြီးမှာ နောက် ဗီဒီယို အတိုလေးတွေမှာလည်း အခြား ပါဌ်ဆင့် စာလုံးတွေ ဘယ်လို ရိုက်တယ် ဆိုတာ ပြသွားမှာဖြစ်ပါတယ်။ 




Previous Post Next Post