#ဓာတ်မြေဩဇာ အိတ်တွေမှာ ပါတတ်တဲ့ ဂဏာန်း ၃ လုံး အဓိပ္ပါယ်ကို သိပါသလား?
အဲဒီ ဂဏာန်း ၃ လုံးရဲ့ အဓိပ္ပါယ်က N:P:K ဆိုတဲ့ နိုက်ထရိုဂျင်၊ ဖော့စဖရပ်စ်၊ ပိုတက်စီယမ် ဆိုတဲ့ ဓာတ်ပေါင်း ၃ မျိုး အချိုးဘယ်လောက် ပါတယ်ဆိုတာကို ပြသတာ ဖြစ်ပါတယ်။ ဒီ video မှာ NPK အကြောင်း နဲ့ အပင်တွေအတွက် တစ်ခုချင်းစီရဲ့ အရေးပါပုံကို တင်ဆက်သူက အလေးပေး ရှင်းပြပေးထားပါတယ်။ လူတွေအတွက် အစာအာဟာရလိုအပ်သလို အပင်တွေ ကိုယ်တိုင်လဲ ကြီးထွားဖွံ့ ဖြိုးဖို့အတွက် ဗီတာမင်၊ သတ္တုဓာတ်နှင့် အာဟာရဓာတ်တွေ လိုအပ်တဲ့အကြောင်း ရှင်းပြပါတယ်။ #LGTmyanmar, #BBKmyanmar
#NPK ဆိုတာကတော့ လုပ်ငန်းသုံးမြေသြဇာ အညွှန်းတွေမှာ ဂဏန်းဖြင့် ဖော်ပြထားတဲ့ နိုက်ထရိုဂျင် (N) ၊ ဖော့စဖရပ် (P) နှင့် ပိုတက်စီယမ် (K) တို့၏ ပါဝင်မှုအချိုးကို ပြောတာဖြစ်ကြောင်းပြောပြတာ ဖြစ်ပါတယ်။
ဒီဗီဒီယိုထဲက မြေဩဇာဆိုရင်-
- နိုက်ထရိုဂျင် ၁ ဆ၊
- ဖော့စဖရပ် ၂ ဆ၊
- ပိုတက်စီယမ် ၅ ဆ
ပါတဲ့ ဓာတ်မြေဩဇာ ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဒီလို ဓာတ်မြေဩဇာ တွေ့ဘို့ အတော်ရှားပါတယ်။ ဘာလို့လဲဆိုတော့ ဓာတ်မြေဩဇာ တင်သွင်းရောင်းတဲ့ ကုမ္ပဏီတွေက လိုလို မလိုလို ပြီးစလွယ် ၁၂ ပတ်လည် (12:12:12)၊ ၁၅ ပတ်လည် (15:15:15) တွေပဲ သွင်းပြီး ရောင်းနေတာ သတိပြုသင့်ပါတယ်။ အပင်ရှင်သန်ရန်အတွက် လိုအပ်တဲ့ အာဟာရဓာတ် စုစုပေါင်း (17) မျိုးရှိပြီး ဒီသုံးမျိုးကတော့ ပမာဏအများဆုံးလိုတယ်လို့ ဆိုပါတယ်။
#နိုက်ထရိုဂျင် ကတော့ သစ်ပင်တွေအတွက် အရေးအကြီးဆုံး ဖြစ်ပါတယ်။ နိုက်ထရိုဂျင်ကို အပင်အစိတ်အပိုင်းများ၊ ဆဲလ်များ၊ ပရိုတင်းများနှင့် ဟော်မုန်းများအားလုံးမှာ တွေ့နိုင်ပြီးတော့ အပင်ကြီးထွားဖို့ လိုအပ်တဲ့ အင်ဇိုင်းများ၊ အမိုင်နိုအက်ဆစ်များ၊ ပရိုတင်းတွေ ဖွဲ့စည်းရာမှာ ဒီဓာတ်က အဓိကအနေနဲ့ဆောင်ရွက်ပေးတယ်။ ကလိုရိုဖီးလ်ထုတ်လုပ်မှုတွင် မပါမဖြစ်အရေးကြီးပြီး အပင်ကြီးထွားမှုနှင့် စွမ်းအင်ရရှိဖို့ အဓိကကျတယ်၊
နိုက်ထရိုဂျင်လည်ပတ်မှုမှာ ပြဿနာရှိတာတစ်ခုက စိုက်ခင်းမှာ ယိုစိမ့်မှု ဖြစ်တက်တာကြောင့် အပင်များအတွက် ရာသီတိုင်းတွင် မြေဆီလွှာ အပိုထပ်လောင်းထည့်ပေးဖို့ လိုပြီး အော်ဂဲနစ်ပါဝင်မှုမြင့်မားတဲ့ မြေဆီလွှာကိုအသုံးပြုတာကလဲ အပင်တွေ ကြီးထွားဖို အဓိကဖြစ်တဲ့ နိုက်ထရိုဂျင်ကို ထိန်းသိမ်းထားနိုင်တဲ့ အဓိကအချက် ဆိုတာ သတိပေးထားပါတယ်။
#ဖော့စဖရပ်စ် ဓာတ်ဟာဆိုရင် စွမ်းအင်ရရှိမှုနှင့် အစာချက်ဖို့အတွက်သာမက အမြစ်ရှင်သန်ကြီးထွားမှု၊ မျိုးစေ့အောင်မြင် ဖွံ့ဖြိုးမှုလုပ်ငန်းစဉ်အတွက် အထောက်အကူပေးတဲ့ အကြောင်း မြေဆီလွှာကောင်းမွန်ခြင်းက အကျိုးပြု အဏုဇီဝပိုးမွှားလေးတွေကို အလုပ်လုပ်နိုင်တာကြောင့် ဖော့စဖရပ်စ်ရရှိမှုကို ကောင်းစွာ ထိန်းပေးထားနိုင်ပါတယ် ဆိုပါတယ်။ #ခရမ်းချဉ်သီး၊ #ငရုတ်သီး နှင့် #ဖရဲသီး တွေလို အသီးအနှံထွက်နှုန်းများတဲ့ ကောက်ပဲသီးနှံတွေအတွက် ဒီဓာတ်က အရေးပါတဲ့ အကြောင်း ဖော်ပြထားပါတယ်။
#ပိုတက်စီယမ် က အပင်တွေရဲ့ သန်စွမ်းမှု၊ ရောဂါဒဏ်ခံနိုင်မှု၊ ကျန်းမာရေးနှင့် အရည်အသွေးကောင်းမွန်သော သီးနှံများ ထွက်ရှိဖို့အတွက် အရေးကြီးပါတယ်။ ပိုဆက်စီယမ်က အပင်အတွင်း ရေရရှိဖို့နဲ့ အာဟာရရရှိမှု ဖြစ်စဉ်အတွက် တာဝန်ရှိတဲ့ လောင်စာဖြစ်ပြီး ဒီဓာတ် ချို့တဲ့ရင် အပင်ရဲ့ ကြီးထွားမှုကို ဟန့်တားစေတဲ့အပြင် အသီးအနှံအထွက်နှုံး လျော့နည်းတက်တယ်လို့ အကြံပြုထားပါတယ်။
နောက်ထပ် ဗီဒီယိုတွေမှာ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို သူတို့ရဲ့ The Ripe Tomato Farms မှာ လေ့လာနိုင်တဲ့အကြောင်း ဖိတ်ခေါ်ထားပါတယ်။
Source:https://www.youtube.com/watch?v=KACutWO79-E&t=3s